ခရမ်း အောက်တိုဘာ ၆
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို မြို့နယ်နေ ပြည်သူများမှ အစားအသောက်များ၊ ကျန်းမာရေးသုံးပစ္စည်းများ၊ ကာကွယ်ရေးပစ္စည်းများ အား နေ့စဉ်လာရောက်လှူဒါန်း လျက်ရှိကြောင်း သိရှိရသည်။
ခရမ်းမြို့နယ်တွင် positive လူနာ (၈၇)ဦးအထိရှိနေပြီး ၎င်းတို့နှင့် ထိစပ်သူများအား ခရမ်းမြို့ မိုးကုတ်ရိပ်သာ၊ အောင်ဓမ္မရိပ်သာ၊ မဟာစည်သပြေကုန်းရိပ်သာနှင့် ခရမ်းမြို့အ-ထ-က(၂)မြို့မ ကျောင်းတို့တွင် Facility Quarantine Centre များ ဖွင့်လှစ်၍ ကာကွယ်ထိန်းချုပ်ကုသပေးလျက်ရှိပြီး အဆိုပါ စခန်းများနှင့်မြို့နယ်ပြည်သူ့ဆေးရုံ အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို မြို့နေပြည်သူများက လာရောက် လှူဒါန်းလျက်ရှိရာ ခရမ်းမြို့နယ် ပညာအားမာန် အောင်မြင်သူများ ပရဟိတအဖွဲ့မှ KN 95 mask (၅၀၀) နှင့် Surgical gowns (၁၀)စုံ၊ ခရမ်းမြို့အမှတ် (၈)ရပ်ကွက်နေ ဦးတင်မောင်+ဒေါ်ကြည် မိသားစုတို့မှ အလှူငွေ (၂)သိန်းကျပ်နှင့် PPEဝတ်စုံ(၁၀)စုံ၊ စွယ်တော်ဆေးဆိုင် မှ Surgical gowns (၅၀)စုံနှင့် ခရမ်းမြို့နယ်အသင်း (ရန်ကုန်) အသင်း နာယက ဦးသန်းလွင်+ဒေါ်တင်တင် မိသားစုမှ PPE ဝတ်စုံ (၁၀၀)နှင့် KM 95 mask(၁၀၀)တို့အား လာရောက် လှူဒါန်းကြရာ ခရမ်းမြို့နယ် ဆရာဝန်ကြီး ဒေါက်တာခင်မောင်ရင်နှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များက လက်ခံယူခဲ့ကြကြောင်း သိရသည်။
ကိုမင်း (ခရမ်း)