နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့၌ ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းများ ဆောင်ရွက်

ပန်ဆောင်  အောက်တိုဘာ   ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပန်ဆောင်မြို့ပေါ်(၃ ) ရပ် ကွက်ရှိ ကိုယ်ဝန် ဆောင်မိခင်များနှင့် အသက် ၂ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို အောက်တိုဘာ ၅ရက် မှ  ၇ ရက်နေ့ နံနက်(၁၀)နာရီတွင် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပုံမှန်ကာကွယ်ဆေးထိုးနှံရာတွင်အသက်(၂)နှစ်အောက်ကလေးငယ်များအတွက် လစဉ် ဘီစီဂျီ၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ် ရောင်(ပီစီဗီ) တို့ကို ထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များ အတွက် ဆုံဆို့မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးကြောင်းသိရ သည်။

ထိုသို့ပုံမှန်ကာကွယ်ဆေးထိုးနှံရာတွင် COVID -19 ရောဂါကြိုတင်ကာကွယ်ရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိပြီး မြို့ပေါ် (၃)ရပ်ကွက်အတွင်းရှိ အသက်(၂)နှစ်အောက် ကလေးငယ်( ၄၀)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်(၄၄)ဦးတို့အား (၃)ရက်ကြာ ထိုးနှံပေး လျှက်ရှိကြောင်းကျန်းမာရေးဌာနမှသိရှိရသည်။

ဂျာယော်(ပြန် /ဆက်)