ကော့သောင်း၊ အောက်တိုဘာ ၇
ကော့သောင်းမြို့အနီးအက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် စင်္ကာပူနိုင်ငံမှလာရောက်သည့် MV.ASL GRACE သင်္ဘောပေါ်မှ သင်္ဘောသား (၂၁) ဦး၊ မာအိုတီးယက်နိုင်ငံမှ လာရောက်သည့် M.V LOTUS သင်္ဘောပေါ်မှ သင်္ဘောသား (၆) ဦး ၊မလေးရှားနိုင်ငံမှလာရောက်သည့် MV. UNISON SPARK သင်္ဘောပေါ်မှ သင်္ဘောသား (၁၀) ဦး၊ ဘင်္ဂလာဒေ့နိုင်ငံမှလာရောက်သည့် MV. KOTA ARIF သင်္ဘောပေါ်မှ သင်္ဘောသား (၁၂) ဦး စုစုပေါင်းသင်္ဘောသုံးစီးပေါ်မှ သင်္ဘောသား (၄၉) ဦး ယမန်နေ့ ညနေပိုင်းက Sign off ထွက်လာရာ ကော့သောင်းမြို့ဆိပ်ကမ်း၌ တာဝန်ရှိဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လိုအပ်သည့်ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်ကာ ကော့သောင်းမြို့တွင် Hotel Quarantine (၁၄)ရက်ထားရှိပြီး ၎င်းတို့၏ Swb နမူနာများအား ရန်ကုန်အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနသို့ ပို့ဆောင်ဓာတ်ခွဲစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် အဆိုပါမြန်မာသင်္ဘောသား(၄၉)ဦးမှာ ကော့သောင်းမြို့တွင် ကြိုတင်ရောက်ရှိနေသည့် MV.ASL GRACE သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးခွန်နောင်ထွန်းအေးပါ သင်္ဘောသား (၂၁)ဦး ၊ M.V LOTUS သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးဆုအောင်လင်းပါ သင်္ဘောသား (၆) ဦး၊ MV. UNISON SPARK သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးသိန်းစိုးပါ သင်္ဘောသား (၁၄) ဦး၊ MV. KOTA ARIF သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးရဲဇော်ထွန်းပါ သင်္ဘောသား (၁၁) ဦးတို့ဖြင့် တာဝန်လွှဲပြောင်းယူခဲ့သူများဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)