ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လိုက်လံ အသိပေး နှိုးဆော်

ဆိပ်ကြီးခနောင်တို အောက်တိုဘာ ၇

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်ရေး လုပ်ငန်း များကို အရှိန်အဟုန်မပြတ် နေ့စဉ် လုပ်ဆောင်လျက်ရှိရာ ယမန်နေ့ ညပိုင်းက မြို့နယ် မီးသတ်ဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ပြည်သူများမဖြစ်မနေလိုက်နာဆောင်ရွက်ရမည့်အချက်များ အား အသံချဲ့စက်ဖြင့် မြို့နယ်အတွင်း လိုက်လံ အသိပေး ကြေညာပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့ လိုက်လံ အသိပေးကြေညာရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းအောင် ဦးစီး၍ မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ် ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ကြေညာသည့် လမ်းညွှန်ချက်များ၊ မြို့နယ်နေပြည်သူများ လိုက်နာဆောင်ရွက်ရမည့်အချက် များ၊နေအိမ်ပြင်ပထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်းအကာအကွယ် Mask စနစ်တကျတပ်ဆင်ရေး၊ လူစုလူဝေးဖြင့် နေထိုင်သွား လာခြင်းမပြု ရေးစသည့် ရောဂါကြိုတင်ကာကွယ်၊ထိန်းချုပ်ရေးအတွက် ဆောင်ရွက်ရမည့် အချက်များအပြင် မြို့နယ်အတွင်း မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး နှင့် သဘာဝ ဘေးအန္တရာယ်ဖြစ်ပေါ်လာပါက မြို့နယ် မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံးအကြောင်းကြားနိုင်ရေးတို့ကိုဖုန်းနံပါတ်နှင့်တကွ လိုက်လံ အသိပေး နှိုးဆော်ပေးခဲ့ ကြောင်း သိရသည်။

ဝေယံ(ဆိပ်ကြီးခနောင်တို)

09973699054