ကျွန်းလှ အောက်တိုဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဟင်းသီး၊ ဟင်းရွက်သီးနှံများကို ရာသီအလိုက် စိုက်ပျိုးကြပြီး ထိုင်ဝမ်ခရမ်းချဉ်သီးဈေးကောင်းရရှိနေ၍ စိုက်ပျိုးသူများပြားလာ ကြောင်းသိရသည်။
“ထိုင်ဝမ်ခရမ်းချဉ်ကိုဝါဆိုလဆန်းမှာ အများဆုံးစိုက်ပျိုးကြကြောင်း၊ ခရမ်းချဉ်အပင်(၁၅၀)စိုက် ပျိုးရာတွင် မျိုးဖိုး၊ မြေဩဇာဖိုး၊ ခြံစရိတ်၊ လုပ်အားခ စုစုပေါင်းငွေကျပ်(၁၅၀၀၀၀)ခန့်ကုန်ကျကြောင်း၊ စိုက်ပြီးသုံလခန့်မှာ တစ်နေ့ (၁၅)ပိဿာထွက်ရှိကြောင်း၊ယခုအခါတစ်ပိဿာငွေကျပ် (၁၈၀၀)မှ(၂၀၀၀)ဝန်းကျင်ဈေးရှိ၍ မိသားစု ဝင်ငွေကျပ် (၃၀၀၀၀)ကျော်ရရှိနေကြောင်း၊ခရမ်းချဉ်သီးကုန်လျှင်ငွေကျပ်(၄)သိန်းခန့်ရရှိကြောင်းခရမ်းချဉ်စိုက် တောင်သူဦးဝင်းကပြောကြားသည်။
အဆိုပါ ထိုင်ဝမ်ခရမ်းချဉ်စိုက်ပျိုးရာတွင် ကုန်ကျစရိတ်သက်သာခြင်း၊ရာသီမရွေးစိုက်ပျိုးနိုင်ခြင်း၊အမြတ်အစွန်းရရှိ ခြင်း၊မိသာစုဝင်ငွေရရှိခြင်းတို့ကြောင့်တောင်သူများစိုက်ပျိုးလာကြကြောင်းသိရသည်။
မျိုးဝင်းညို (ကျွန်းလှ)