ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် စိုက်ပျိုးထားသော Rs to Cs မျိုးသန့်ပွား၊ မျိုးစေ့ထုတ်စိုက်ခင်းများအား ဒုတိယအကြိမ်မျိုးကွဲနုတ်ပယ်ခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စီးပွားရေးကုစားမှု (COVID-19 Economic Relief Plan - CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါး Rs to Cs မျိုးသန့်ပွား၊ မျိုးစေ့ထုတ်စိုက်ခင်းများတွင် ဒုတိယ အကြိမ် မျိုးကွဲနုတ်ပယ်ခြင်းအား ယနေ့ နံနက် ၈ နာရီက စဉ့်ဆိုင်ကျေးရွာအုပ်စု ၊ မိုင်းယွန်း ကျေးရွာ ရှိ တောင်သူ ဦးစိုင်းဝ၏လယ်ကွင်း၌ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်နိုင် နှင့် ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ဆောင်ရွက်နေသော စီမံကိန်းလုပ်ငန်းများ ကြည့်ရှု စစ်ဆေး

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ဆောင်ရွက်နေသော Cash for Work စီမံကိန်းနှင့်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၌ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ခံရသည့် အတည်ပြုလူနာ (၂)ဦးဆေးရုံမှဆင်းခွင့်ရ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ခုတင်၃၀၀ဆံ့ပြည်သူ့ဆေးရုံ (တိုင်းရင်းဆေးရုံ)တွင် ဆေးကုသမှု ခံယူနေသည့် ကိုဗစ် -၁၉ ကပ်ရောဂါကူးစက်ခံရသည့်အတည်ပြုလူနာ (၂)ဦးသည် ဆေးရုံဆင်း သတ်မှတ် ချက်များအရ ယနေ့နံနက် ၉နာရီ အချိန်က ဆေးရုံမှဆင်းခွင့်ရပြီဖြစ်ကြောင်းသိရသည်။

မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အများပြည်သူအတွက် ပုံမှန်ကင်းလှည့်

မိုးကုတ်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် နေရပ်ပြန်ပြည်သူများအား ကျန်းမာ ရေးစစ်ဆေးရေး ဂိတ်များဖွင့်လှစ်စစ်ဆေးခြင်း၊ Quarantine Centerများ ဖွင့်လှစ်၍ စောက်ရှောက်မှုပေးခြင်းများ ဆောင်ရွက်နေသကဲ့သို့ မြို့အတွင်း ကျန်းမာရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ကာ ပတ်ကင်းများလှည့်လည် ဆောင်ရွက်လျက်ရှိသည်။

တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရန်အတွက် ဈေးများ၌ Mask Campaign ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အဓိကဈေးများဖြစ်သော နန္ဒဝန်ဈေး၊ ပဒေသာဈေး၊ ငွေယမုံဈေးနှင့် မြင်သာဈေးများ၌ ဈေးရောင်းချသူများနှင့် ဈေးဝယ်သူပြည်သူများ  နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာစေရန် Mask Campaign ပြုလုပ်၍ အသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ဝုန်းမေတ္တာ လူမှုအကျိုးပြုအသင်းမှ မိုင်းလုံမြို့ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် အသုံးပြုရန် စားသောက်ကုန်များလှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေးနှင့် ကူးစက်ပြန့်ပွားမှု အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် ကျန်းမာရေး စစ်ဆေးရေးဂိတ်ကို နမ့်ပိန်ရပ်ကွက် ကျောက်မဲ-မိုင်းလုံ-မိုးကုတ် လမ်းမကြီးတွင် ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့မှ စတင်ဖွင့်လှစ်၍ ကျန်းမာရေးစစ်ဆေးမှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်တွင် အသက်(၈၀)နှစ်ပြည့်ပြီး အသက်(၈၅)နှစ်အောက်ရှိသော သက်ကြီး ဘိုးဘွား (၂၃၈) ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀ ပေးအပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီး ဌာနမှ ကိုဗစ်-၁၉ စီပွားရေးကုစားမှု အစီအစဉ်အရ အသက်(၈၀)နှစ်ပြည့်ပြီး အသက် (၈၅) နှစ်အောက် သက်ကြီးဘိုးဘွားများအား

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အမှတ် ၁၃၃ ရပ်ကွက်စျေးအတွင်း Mask Campaign ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ

ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု)ရန်ပုံငွေဖြင့် ဆောင်ရွက် သည့် လုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်းပြီးစီး

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန က စစ်ကိုင်း တိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လမ်း၊ တံတား တည်ဆောက် ခြင်း လုပ်ငန်းများ (၁၀၀)ရာခိုင် နှုန်းဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။

ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ကော့ကရိတ်မြို့နယ်တွင် ကျေးရွာ(၆)ရွာအား လျှပ်စစ်မီးလင်းခြင်းဖွင့်ပွဲကျင်းပ

ကရင်ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ကော့ကရိတ်မြို့နယ်အတွင်း ကျေးရွာများမီးလင်းရေးအတွက် ဆောင်ရွက် လျက်ရှိရာ ရေကျော်ကြီး၊ နောင်နှိုင်း၊ နောင်တလာ၊ ကော့ဖောင်း၊ ဝင်းပုတ်၊ တံတားကျိုး ကျေးရွာ(၆)ရွာတို့ အား ယမန်နေ့က နိုင်ငံတော်မှ ဓါတ်အားဖြန့်ဖြူးပေးခြင်း ဖွင့်ပွဲကို အဆိုပါ ကျေးရွာ (၆)ရွာတွင် ကျင်းပခဲ့သည်။
Subscribe to