သုံးခွ အောက်တိုဘာ ၇
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့၌ Stay at Home ကာလအတွင်း ကိုဗစ်-၁၉ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် ယမန် နေ့နံနက်ပိုင်း အချိန်တွင် သုံးခွမြို့စျေးအနီး နှင့်ရာဇာစတိုးလမ်းစုံတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မော်တော်ယာဥ်များ၊ ဆိုင်ကယ်၊ဆိုက်ကား၊စက်ဘီးတို့ဖြင့်သွားလာနေသူများ ယခုအချိန်တွင်ကိုဗစ်-၁၉ရောဂါပြည်တွင်းကူးစက်မှုများလာသဖြင့် မိမိကစကြိုတင်ကာကွယ်ရန်ပြည်သူများနေအိမ်ပြင်ပ သွားလာရာတွင် အရေးကြီး ကိစ္စမှလွဲ၍မလိုအပ်ပဲ နေအိမ်ပြင်ပသို့မသွားလာရန်၊သွား လာလျှင်နှာ ခေါင်းစည်း တပ်ဆင်ရန်၊ ဈေး၀ယ်သွားလာရာတွင်လူတစ်ဦးသာ သွားလာရန်၊ ကျန်းမာရေးအတွက် ဆေးခန်းပြရာတွင်လူနှစ်ဦးသာ သွားလာရန်နှင့်နေအိမ်ပြင်ပသို့သွားလာ ရာတွင်ထောက်ခံစာမပါ၊ အကြောင်းပြချက်မခိုင် လုံဘဲသွားလာခြင်းမပြုရန် အသိပညာ ပေးပြောကြားပြီးကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှညွှန်ကြားချက်ချက်များ ကိုအလေးထားလိုက်နာ ရန်အသိပေးပြောကြား ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်ရဲတပ်ဖွဲ့၊ ယဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်စည် ပင်သာယာရေး အဖွဲ့၊စားသုံးသူ ရေးရာဦးစီးဌာန၊မြို့နယ်မွေး/ကုဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ကပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
စည်သူလင်း ပြန်/ဆက်