ဘိုကလေး၌ ဝင်ငွေနည်းပါးသည့် အိမ်ထောင်စုများအား စိတ်တူကိုယ်တူ ညီအစ်ကိုများစုပေါင်း၍ ဆန်ရိက္ခာ လှူဒါန်း

ဘိုကလေး  အောက်တိုဘာ  ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ဗိုလ်တေဇလမ်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေသည့် ကာလဖြစ်သည့်အလျောက် အခြေခံအိမ်ထောင်စုများအနေဖြင့် ဝင်ငွေလျော့နည်းမှုများ ရှိလာသည့်အတွက် စိတ်တူကိုယ်တူ ညီအစ်ကိုများ စုပေါင်း၍ ဘိုကလေးမြို့နယ် အတွင်းရှိ အခြေခံအိမ်ထောင်စုများအား ယနေ့ နံနက်(၉)နာရီခန့်မှ စတင်၍ ဆန်ရိက္ခာ လှူဒါန်းခဲ့​ကြောင်းသိရသည်။

စိတ်တူကိုယ်တူ ညီအစ်ကိုများမှ ဆန်လာရောက် အလှူခံနိုင်ရေးအတွက် ယမန်နေ့နေ့လည်ပိုင်းတွင် ဝင်ငွေနည်းပါးသည့် အခြေခံအိမ်ထောင်စုများ၏ အိမ်များအရောက် ဆန်ထုတ်ယူခွင့် လက်မှတ် (၁၃၀၀)နီးပါးအား သွားရောက် ပေးအပ်ခဲ့ကြကြောင်းနှင့် ယနေ့ နံနက်တွင် အဆိုပါ လက်မှတ်ဖြင့် လာရောက် ထုတ်ယူကြသည့် အခြေခံအိမ်ထောင်စုများအား တစ်အိမ်ထောင်လျှင် ဆန်(၃)ပြည်နှုန်းဖြင့် အခြေခံ အိမ်ထောင်စု (၁၃၀၀)နီးပါးအား လှူဒါန်းပေးနိုင်ခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)