မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မိုးကုတ်)သို့ လူနာတင်ယာဉ် (၂)စီးလှူဒါန်း

မြို့နယ်အတွင်းလူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အဖွဲ့(မိုးကုတ်)သို့ လူနာတင်ယာဉ်(၂)စီး လှူဒါန်းခဲ့ကြသည်။ အဆိုပါယဉ်များမှာ ဓမ္မဒူတဆရာတော်အရှင်ဆေကိန္ဒ ဆရာတော်ဘုရား၏ မတည်မှုဖြင့်

သီပေါ၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်ဘေးတွင် သီးသန့်ပြဘုတ်ဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်နှင့် ပိုစတာများကို ယနေ့နံနက်ပိုင်းမှ စတင်၍ ပြသထားလျက်ရှိကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့၊ မဲလောခီးကျေးရွာအုပ်စု ထီးဖားရက်ကျေးရွာတွင် ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေ ပြည်သူများနှင့်ကလေးငယ်များ ကျန်းမာရေးအသိပညာ ဗဟုသုတရရှိစေရန်နှင့်  ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ယမန်နေ့က ရှမ်းရွာသစ်မြို့ မဲလောခီးကျေးရွာအုပ်စုရှိ ထီးဖားရက်ကျေးရွာတွင် ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည်။

ပြင်ဦးလွင်မြို့ရှိ  စည်ပင်သာယာမြို့မဈေးကြီး  သန့်ရှင်းသာယာလှပရေး စုပေါင်းဆောင်ရွက်

ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးကာလများတွင်  ပြင်ဦးလွင်မြို့ရှိ စည်ပင်သာယာမြို့မဈေးကြီးအား ဈေးအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးနှင့် ရေဆင်းမြောင်းများ ကောင်းမွန်စွာစီးဆင်းနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက  ဈေးကြီးအတွင်း / အပြင်ရှိ  ရေမြောင်းများအား  တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်း ကာ ဆောင်ရွက်လျှက်ရှိသည် ။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ပညာရေးဌာနမှ အလှူငွေများ လှူဒါန်း

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးလုပ်ငန်းတွင် အသုံးပြုရန်အတွက် မြို့နယ်ပညာရေးဌာန ဝန်ထမ်းများက အလှူငွေများကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီသို့ လှူဒါန်းခဲ့သည်။

လှိုင်မြို့နယ်အတွင်း Lock Down ပြုလုပ်ထား​သော ရပ်ကွက်များရှိ ပြည်သူများနှင့် လိုအပ်​သောသူများအား အလှူရှင်များက အ​ခြေခံစား​သောက်ကုန်များ လှူဒါန်း

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် လိုအပ်နေသော ပြည်သူများနှင့် Lock Down ဧရိယာများရှိ ပြည်သူများအတွက် လှိုင်မြို့နယ် အမှတ်(၁၀)ရပ်ကွက် လှိုင်မြင့်မိုရ်အိမ်ရာနေ အလှူရှင် (ဦးခင်မောင်မြင့်) +ဒေါ်ခင်နွယ်နွယ် မိသားစုမှ လှူဒါန်းသော တစ်အိမ်ထောင်လျှင် ဆန်(၂) ပြည်၊ ဆီ(၁)ပိဿာ၊ ကြက်သွန်နီ(၁)ပိဿာ၊ ကြက်ဥ(၁၀)လုံး၊ ပဲနီလေး(၅၀)သားတို့အား စုစုပေါင်း အိမ်ထောင်စု (၆၀)စာတို့အတွက်နှင့် (၁၃)ရပ် ကွက်အောင်မင်္ဂလာလမ်းနေ

မိုင်းလုံမြို့တွင် သင့်အမည်မဲဆန္ဒရှင်စာရင်းမှာပါ/မပါ စစ်ဆေးပြီးပြီလား လက်ကမ်းစာစောင် ဖြန့်ဝေ ဆောင်ရွက်

၂၀၂ဝပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသော သင့်အမည်မဲဆန္ဒရှင်စာရင်းမှာပါ/မပါ စစ်ဆေးပြီးပြီလား လက်ကမ်းစာစောင်ကို ယနေ့နံနက်(၉)နာရီအချိန်ခန့်က မိုင်းလုံမြို့ပြန်/ဆက်ဝန်ထမ်းများက ဈေးရပ်ကွက်အတွင်းရှိ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များ၊ ကားဂိတ်နှင့် ကျန်းမာရေးစစ်ဆေးဂိတ်များသို့ သွားရောက်ဖြန့်ဝေခဲ့သည်။

မိုင်းယန်းမြို့နယ်အတွင်းရှိအသက် ၈၀ နှင့် ၈၅နှစ်ကြားဘိုးဘွားများနှင့် ၈၅ နှစ်အထက်ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်းရှိ အသက် ၈၀ နှင့် ၈၅ နှစ်ကြားဘိုးဘွားများနှင့် ၈၅ နှစ်အထက် ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ် ခြင်းကို ယနေ့ နံနက် ၁၁ နာရီ အချိန်က တာဝန်ရှိသူ များမှ အိမ်တိုင်ရာ ရောက်ထောက်ပံ့ငွေပေး အပ်ခဲ့သည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် Quarantine Center များအတွက် ငွေကျပ် ၁၄ သိန်းကျော်ရှိ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်း

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး၌ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ မြို့နယ်အတွင်းရှိ Quarantine Center များအတွက် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများကို ယမန်နေ့နေ့လယ်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။
Subscribe to