ဝုန်းမေတ္တာ လူမှုအကျိုးပြုအသင်းမှ မိုင်းလုံမြို့ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် အသုံးပြုရန် စားသောက်ကုန်များလှူဒါန်း

မိုင်းလုံ အောက်တိုဘာ 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေးနှင့် ကူးစက်ပြန့်ပွားမှု အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် ကျန်းမာရေး စစ်ဆေးရေးဂိတ်ကို နမ့်ပိန်ရပ်ကွက်  ကျောက်မဲ-မိုင်းလုံ-မိုးကုတ် လမ်းမကြီးတွင် ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၂၁  ရက်နေ့မှ စတင်ဖွင့်လှစ်၍ ကျန်းမာရေးစစ်ဆေးမှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် တာဝန်ကျ ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် လူမှုကူညီရေးအသင်းတို့ကို နေ့လယ်စာချက်ပြုတ်ကျွေးမွေးရာတွင် အသုံးပြုရန် မိုင်းလုံမြို့ ဝုန်းမေတ္တာ လူမှုအကျိုးပြုအသင်းမှ ဆန် ()အိတ်၊ ဆီ ()ပိသာ၊ ဆား ()ပိဿာ၊ အချိုမုန့်(၅၀)သား၊ ကုလားပဲ () ပိဿာ၊ ငါးသေတ္တာ (၃၀)ဘူး ကြာဇံ () ပိဿာ၊ ကြက်ဥ (၁၀၀)လုံး၊ ခေါက်ဆွဲခြောက် ()ဖာနှင့် ရေသန့် () ကတ် တို့ကို ယနေ့ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ် အချိန်ခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် သွားရောက်လှူဒါန်းရာ မိုင်းလုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအေးမင်းထွန်းက လက်ခံရယူခဲ့ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေး ကော်မတီသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)