မိုင်းဆတ်မြို့၌ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း (Facility Quarantine Center) အတွက် အားကစားပစ္စည်းများနှင့် MASK များ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း (Facility Quarantine Center) အတွက် အားကစားပစ္စည်းများနှင့် MASK များထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၁၁)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

မြဝတီမြို့တွင် ကိုဗစ်-၁၉ အသက်ရှုလမ်းကြောင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေ

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြဝတီခရိုင် အမျိုးသမီးရေးရာဖွဲ့ဝင် ဒေါ်ကေခိုင်တို့က မြဝတီမြို့ အမှတ် ၅ ရပ်ကွက်ရှိ ဦးအောင်ဇေယျလမ်းတွင်  ယနေ့ မွန်းလွှဲ ၁ နာရီက ကိုဗစ်-၁၉ အသက်ရှုလမ်းကြောင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့ လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးပွဲ (Talk Show) ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကွတ်ခိုင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာတွင် ရိုက်ကူးဆောင်ရွက်သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၂၅)ဦးအား သက်ဆိုင်ရာဒေသများသို့ ဆက်လက်ပို့ဆောင်

တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မူဆယ်မြို့ ၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေ ဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် နေ့စဉ်ဝင်ရောက်လျက်ရှိရာ နေရပ်ပြန် ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ မေလ(၆)ရက်နေ့မှ စတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိသည်။

သနပ်ပင်မြို့နယ်၌ Stay Home ကာလအတွင်း လမ်းမများတွင် အသွားအလာ ပြုလုပ်နေ​သော သူများအား မြို့နယ်ကိုဗစ် ကော်မတီနှင့် ပူးပေါင်းအဖွဲ့တို့မှ စစ်ဆေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ Stay Home ကာလအတွင်း လမ်းမများတွင် နယ်မြေကျော် အသွားအလာ ပြုလုပ်နေသော ကား၊ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ စက်ဘီးနှင့် သွားလာနေသော ပြည်သူများအား မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ပူးပေါင်းအဖွဲ့တို့ ယနေ့နံနက်ပိုင်းက မြို့နယ်အဝင်ဂိတ်၊ မြို့ထွက်ဂိတ်၊ မြို့တွင်း လမ်းဆုံများ၌ စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ပိုင်ကျုံမြို့၌ 33/11KV-5MVA ခွဲရုံ တည်ဆောက်မှုလုပ်ငန်း (၉၃ ဒသမ ၅၈)ရာခိုင်နှုန်းပြီးစီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးနိုင်ရေးအတွက် 33/11KV-5MVA ခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းကို ဧပြီလ နောက်ဆုံးအပတ်တွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် (၉၃ ဒသမ ၅၈) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရှိရသည်။

မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှု ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

တန့်ယန်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းကြေညာကပ်ထားသော ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀ - ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာကပ်ထားပြီးဖြစ်ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုင်းစံအေးနှင့် တာဝန်ရှိသူများသည် နောင်ခမ်း၊ ဝိန်းမိုင်၊ နောင်ဖါ ကျေးရွာအုပ်စုများသို့ ယနေ့ ကွင်းဆင်း၍ ကြည့်ရှု စစ်ဆေးခဲ့သည်။

ဟင်္သာတမြို့နယ်၌ (ဒုတိယ)အကြိမ် မဲဆန္ဒရှင်စာရင်း ကြေငြာထားရှိမူတို့ကို ခရိုင်/မြို့နယ် ကော်မရှင်အဖွဲ့ခွဲဝင်များ က ကွင်းဆင်းစစ်ဆေး

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ရက်တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ်အခြေခံမဲ ဆန္ဒရှင်စာရင်းများကို ဟင်္သာတမြို့နယ်တွင် အောက်တိုဘာ ၁ရက်နေ့မှ စတင်၍ ရပ်ကွက်၊ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထား ကြေငြာလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက် ကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စာရင်းများကပ် ထားကြေငြာမှုတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
Subscribe to