ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စီးပွားရေးကုစားမှု (COVID-19 Economic Relief Plan - CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါး Rs to Cs မျိုးသန့်ပွား၊ မျိုးစေ့ထုတ်စိုက်ခင်းများတွင် ဒုတိယ အကြိမ် မျိုးကွဲနုတ်ပယ်ခြင်းအား ယနေ့ နံနက် ၈ နာရီက စဉ့်ဆိုင်ကျေးရွာအုပ်စု ၊ မိုင်းယွန်း ကျေးရွာ ရှိ တောင်သူ ဦးစိုင်းဝ၏လယ်ကွင်း၌ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်နိုင် နှင့် ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့မျိုးကွဲနုတ်ပယ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခြင်းအားဖြင့် အပင်သန်စွမ်းပြီး စပါး အထွက်နှုန်း တိုးသည့်အတွက် တောင်သူများထံ မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးနိုင်မည် ဖြစ်သည်။
မျိုးကွဲနှုတ်ပယ်ခြင်းလုပ်ငန်းကို သုံးကြိမ်ဆောင်ရွက်ရမည်ဖြစ်ရာ တတိယအကြိမ်ကိုလည်း ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၏ ပြောကြားချက်အရ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)