ကလေး အောက်တိုဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ခုတင်၃၀၀ဆံ့ပြည်သူ့ဆေးရုံ (တိုင်းရင်းဆေးရုံ)တွင် ဆေးကုသမှု ခံယူနေသည့် ကိုဗစ် -၁၉ ကပ်ရောဂါကူးစက်ခံရသည့်အတည်ပြုလူနာ (၂)ဦးသည် ဆေးရုံဆင်း သတ်မှတ် ချက်များအရ ယနေ့နံနက် ၉နာရီ အချိန်က ဆေးရုံမှဆင်းခွင့်ရပြီဖြစ်ကြောင်းသိရသည်။
အဆိုပါအတည်ပြုလူနာမှာ စမ်းမြို့ရပ်ကွက် အမှတ် ၆/၉နေ အသက်(၄၈)နှစ်အရွယ်ဇနီးမောင်နှံ (၂)ဦးဖြစ်သည်။ အခုအချိန်တွင် ကလေးမြို့၌ ကိုဗစ်-၁၉ကူးစက်ခံရသည့် အတည်ပြုလူနာ (၁၉)ဦးကျန်ရှိ နေပြီး အဆိုပါလူနာများအား ကလေးမြို့ခုတင် ၃၀၀ဆံ့ပြည်သူ့ဆေးရုံ (တိုင်းရင်းဆေးရုံ) တွင် ဆေးကုသမှုခံယူစေလျက်ရှိကြောင်းသိရသည်။
ထန်းဖုန်(ပြန်/ဆက်)