ဒဂုံမြို့သစ်(အရှေ့ပိုင်း) အောက်တိုဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အမှတ်(၁၃၃) ရပ်ကွက် ဈေးအတွင်း ဈေးရောင်းချသူများနှင့် ဈေးဝယ်သူပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာစေရန် Mask Campaign ပြုလုပ်၍ အသိပညာပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် စျေးအတွင်းရှိ ဈေးရောင်းချသူပြည်သူများနှင့် ဈေးဝယ်သူ ပြည်သူများ မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း (Mask) တပ်ဆင်ကြရန်၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များအတိုင်း လိုက်နာကြရန် အသိပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း (Mask) များ ဝေငှပေးခြင်းတို့ကိုလွှတ်တော်ကိုယ်စားလှယ်များ၊ We Love East Dagon အဖွဲ့တို့နှင့် မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)