ဒီးမော့ဆို အောက်တိုဘာ ၇
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ဆောင်ရွက်နေသော Cash for Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း VRFP လုပ်ငန်းများပြီးစီးမှု အခြေအနေနှင့် သက်ဆိုင်ရာ မြို့နယ်စာရင်းရုံးများမှ စစ်ဆေးခံနိုင်ရေး လိုအပ်သည်များ ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားနိုင်ရန်အတွက် တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစောဒီးဒီနှင့် တာဝန်ရှိသူများသည် လုပ်ငန်းများမြေပြင်အကောင်အထည်ဖော် ဆောင်ရွက် နေသော Cash For Work စီမံကိန်း ကျေးရွာ ၃၆ ရွာအနက် ဒေါစဲကျေးရွာ ကျောင်းခြံစည်းရိုး လုပ်ငန်း၊ ကွိုင်ငံရွာဟောင်းနှင့် ဒိုင်းလင်းအေးသာကျေးရွာ တို့တွင် ကျောက်ရောမြေ လမ်းခင်းခြင်းလုပ်ငန်းနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) ကျေးရွာ ၁၂ ရွာအနက် နန်းဟူးထွေကျေးရွာ မြေပဲ စိုက်ခင်းနှင့် စပါးစိုက်ခင်းများ၊ မြေနီကုန်းကျေးရွာ ကုန်စုံဆိုင်လုပ်ငန်း၊ ယူဆမိုဆိုကျေးရွာ ဆေးရွက်ကြီးစိုက်ခင်းများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများသည် သက်ဆိုင်ရာ မြို့နယ်စာရင်းရုံး များမှ စစ်ဆေးခံနိုင်ရန်အတွက် မြို့နယ်အဆင့်၊ ကျေးရွာအဆင့် တို့တွင် ထားရှိရမည့် သတ်မှတ် ပုံစံများ၊ စာရင်းရေးသွင်းမှုများ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ၊ လုပ်ငန်းများ စနစ်တကျ ဆောင်ရွက် ထားရှိမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရီရယ်(ပြန်/ဆက်)