မိုးကုတ်၊ အောက်တိုဘာ ၇
မိုးကုတ်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် နေရပ်ပြန်ပြည်သူများ အား ကျန်းမာရေးစစ်ဆေးရေး ဂိတ်များဖွင့်လှစ်စစ်ဆေးခြင်း၊ Quarantine Center များဖွင့်လှစ်၍ စောက်ရှောက်မှုပေးခြင်းများ ဆောင်ရွက်နေသကဲ့သို့ မြို့အတွင်း ကျန်းမာရေးအသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ကာ ပတ်ကင်းများလှည့်လည် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင် မျိုးဆက်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦး၀င်းတင့်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ၀င်များ၊ ရဲတပ်ရင်းတပ်ဖွဲ၀င်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် အရံမီးသတ်တပ်ဖွဲ့၀င်များ၊ လှုပ်ရှားစစ်ဗျူဟာအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၀င် များနှင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး အထောက်အကူပြုအဖွဲ့၀င်များ ပူးပေါင်းလျက် မိုးကုတ်မြို့အတွင်းရှိ ရပ်ကွက်များသို့လှည့်လည်ကာ ပြည်သူများ mask တပ်ဆင်အသုံးပြုရေး၊ လက်ဆေးခြင်းနှင့် ကျန်းမာရေး၀န်ကြီးဌာန၏ လမ်းညွှန်ချက်များနှင်အညီ သွားလာနေထိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ကာ မြို့နေပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ပတ်ကင်းများလှည့်ကာ စောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရှိရသည်။
ဖြိုးမမ(မိုးကုတ်)