ဒီးမော့ဆို အောက်တိုဘာ ၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီး ဌာနမှ ကိုဗစ်-၁၉ စီပွားရေးကုစားမှု အစီအစဉ်အရ အသက်(၈၀)နှစ်ပြည့်ပြီး အသက် (၈၅) နှစ်အောက် သက်ကြီးဘိုးဘွားများအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀ ပေးအပ်လျက်ရှိရာ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် အဘိုး (၉၇) ဦး၊ အဘွား (၁၄၁) ဦး စုစုပေါင်း သက်ကြီး ဘိုးဘွား (၂၃၈) ဦး ထောက်ပံ့ငွေ ရရှိကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမြာရယ် ထံမှ သိရသည်။
ထောက်ပံ့ငွေ ရရှိသော သက်ကြီးဘိုးဘွား (၂၃၈) ဦးအား ဒီးမော့ဆိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ များသို့ သွားရောက်၍ အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)