ဖားဆောင်း အောက်တိုဘာ ၈
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အတွင်းရှိ အသက်(၈၀)နှင့်(၈၅)နှစ်ကြား ဘိုးဘွားများ အား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွား ရောက် ထောက်ပံ့ငွေပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများကို ဖားဆောင်းမြို့နယ်အတွင်းရှိ အသက်(၈၀)နှင့်(၈၅)နှစ်ကြား ဘိုးဘွား(၄၄)ဦး အား ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားနေသည့် ကာလအတွင်း ဆေးဝါးကုသမှုအစီအစဥ်အရ တစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် (၁၃၂၀၀၀၀-/)ကျပ်ကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဗိုလ်နှင့် ဝန်ထမ်းများ၊ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့က မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများရှိ သက်ကြီးဘိုးဘွား တို့၏ နေအိမ်အရောက် ထောက်ပံ့ငွေများဓပးအပ်ခဲ့ကြသည်။
အလားတူ မြို့နှင့်အလှမ်းကွာဝေးသည့် မော်ချီးဒေသရှိ အသက်(၈၀)နှင့်(၈၅)နှစ်ကြားရှိ ဘိုးဘွားများအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုရပ်ကျေးစာရေးတို့မှ ကျေးရွာများသို့သွားရောက်၍ထောက်ပံ့ငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)