ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလတွင် သာကေတမြို့နယ် ပြည်သူများ ပေါ့လျော့မှု မရှိစေရန်အတွက် အရှိန်အဟုန်မြှင့်စစ်ဆေးဆောင်ရွက်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်း စေရန်နှင့် ကာကွယ်မှုတွင် ပေါ့လျော့မှု မရှိစေရန်အတွက် ယနေ့နံနက်(၈:၀၀)နာရီတွင် ကားမှတ်တိုင်များ၊

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် Contact Person များ တိုးချဲ့ ထားရှိနိုင်ရေးပြင်ဆင်ဆောင်ရွက်

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ Contact Person များထားရှိဆောင်ရွက်လျက်ရှိသော အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း အသွားအလာကန့်သတ်စောင့်ကြည့်နေရာတွင် Contact Person များ ထပ်မံတိုးချဲ့ထားရှိနိုင်ရေးအတွက် ပြင်ဆင် ဆောင်ရွက်ခြင်းများအား ယမန်နေ့ နံနက် ၁၁နာရီက ဆောင်ရွက်ခဲ့ကြသည်။

စည်ပင်သာယာရေးဝန်ထမ်းငယ်များအား ထောက်ပံ့ငွေနှင့်စားရိက္ခာများ ထောက်ပံ့

Covid-19 ရောဂါကာလအတွင်း အသုံးပြုနိုင်ရေးအတွက်ရည်ရွယ်ပြီး ကရင်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၊ ဘားအံမြို့နယ် စည်ပင်သာယာရေး ကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းကာ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများ၊ နေ့စားဝန်ထမ်းများနှင့် သန့်ရှင်းရေး လုပ်သားများအား စားရိက္ခာ(၅)မျိုးနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့၊ နံနက်(၁၀)နာရီက ဘားအံမြို့ ဘားအံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းဝေးခန်းမတွင် ကျင်းပသည်။

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ကြိုတင်ဆန္ဒမဲပုံး လုံခြုံရေး ကြိုး ချိတ်ပိတ်ခြင်းဆောင်ရွက်

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက် တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ချောင်းဆုံ မြို့နယ်တွင် ကြိုတင်ဆန္ဒမဲပုံး လုံခြုံရေးကြိုးချိတ်ပိတ်ဆောင်ရွက်ခြင်းကို အောက်တိုဘာ ၈ ရက်နေ့ နံနက် (၁၁)နာရီအချိန်က ကျွန်းသာယာခန်းမတွင် ကျင်းပသည်။

ဘောဂလိမြို့ သပြေညွှန့်ကျေးရွာ Quarantine Centre တွင် ပါဝင်ကူညီဆောင်ရွက်ပေးသော စေတနာ့ဝန်ထမ်း (Volunteer) များအား ထောက်ပံ့ငွေပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ သပြေညွှန့်ကျေးရွာ Quarantine Centre တွင် ပါဝင် ကူညီဆောင်ရွက်ပေးသော စေတနာ့ဝန်ထမ်း (Volunteer) များအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဘောဂလိမြို့ သပြေညွှန့်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လဟယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး ပြည်သူ များအား အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက်(၈)နာရီအချိန် လဟယ်မြို့ မြို့မရပ်ကွက်တွင် အသိပေးနှိုးဆော် ခဲ့ကြောင်း သိရသည်။

မင်းတပ်မြို့နယ်အတွင်းသို့ ဝင်ရောက်ဖြတ်သန်းမည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ Rapid Test kit ဖြင့် စစ်ဆေးသွားမည်

မင်းတပ်မြို့နယ်အတွင်းသို့ ဝင်ရောက်ဖြတ်သန်းမည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား မြို့အဝင်ဂိတ်များတွင် Rapid Test kit ဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ရှိ/မရှိ ကျန်းမာရေး စစ်ဆေးပြီးမှသာ ဝင်ရောက်ဖြတ်သန်း ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
Subscribe to