နမ္မတူ အောက်တိုဘာ ၈
အာဟာရချို့တဲ့မှုဖော်ထုတ်၍ မိခင်များမှရင်သွေးငယ်များ၏ အာဟာရလိုအပ်ချက်ကို ပြည့်မီအောင်ရရှိစေရန်၊ ပြင်ဆင်ကျွေးမွေးတတ်စေရန် ရည်ရွယ်၍ နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် ပြည်နယ် အာဟာရလေ့ကျင့်ကွတ်ကဲရေးအဖွဲ့တို့ ပူးပေါင်း၍ နမ္မတူမြို့နယ် (IDP) စခန်း (၃)ခုရှိ အသက် (၆)လမှ (၅)နှစ်အောက် တိုက်ပွဲရှောင် ပြည်သူကလေးငယ်များအား လက်မောင်းလုံးပတ်တိုင်းတာ၍ အာဟာရချို့တဲ့မှု ဆန်းစစ်ခြင်းကို အောက်တိုဘာလ (၇)ရက်နေ့ နေ့လယ်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ကြူဆော့ (IDP) စခန်း ၊ ကချင် (IDP) စခန်း နှင့် လီဆူး (IDP) စခန်း တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်အာဟာရလေ့ကျင့်ကွတ်ကဲရေးအဖွဲ့မှ ခရိုင်ပြည်သူ့ ကျန်းမာရေး ဆရာမကြီး ဒေါ်ခိုင်ခိုင်စိုး၊ အာဟာရကျွမ်းကျင်-၂ ဒေါ်ကြည်ကြည်မြင့်နှင့် နမ္မတူမြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက နမ္မတူမြို့နယ်ရှိ ကြူဆော့ (IDP) စခန်း ၊ ကချင် (IDP) စခန်း နှင့် လီဆူ(IDP) စခန်းတို့ရှိ အသက် (၆)လမှ (၅)နှစ်အရွယ် တိုက်ပွဲရှောင်ပြည်သူကလေးငယ်များအား လက်မောင်းလုံးပတ်တိုင်းတာ၍ အာဟာရချို့တဲ့မှု ဆန်းစစ်ပေးကာ နို့တိုက်မိခင်များကိုလည်း ကလေးအသက် (၆)လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ရန်နှင့် (၆)လပြည့်ပါက ဖြည့်စွက်စာကျွေးနည်းများအား အသိပညာပေး သင်ကြားပေးခဲ့ပြီး ကလေးငယ်တစ်ဦးလျှင် ပန်းကန် (၁)လုံး၊ အဝတ်နှာခေါင်းစည်း (MASK) (၁)ခုနှင့် ဘီစကစ်မုန့် (၄)ထုပ်နှုန်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)