ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီး ပုလဲ မြို့နယ် တွင် ကိုဗစ်-၁၉ရောဂါပိုး Positive ၂ ဦး ထပ်မံတွေ့ရှိ၍ မြို့နယ်ပြည်သူ့ဆေးရုံ၌ ထားရှိ ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ယမန်နေ့(၈-၁၀-၂၀၂၀) ညနေသတင်းထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ရောဂါပိုး Positive ၂ ဦး ထပ်မံတွေ့ရှိ၍ မြို့နယ် ပြည်သူ့ဆေးရုံ၌ ထားရှိပြီးကျန်းမာရေး စောင့်ရှောက် ကုသမှု ပေးထားကြောင်း မြို့နယ်COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ရောဂါ ဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်

ကိုဗစ်-၁၉ ရာဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရန်အတွက် ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေး လုပ်ငန်းများအား ပြည်သူများသိရှိစေရန် ရည်ရွယ်၍ ယမန်နေ့ ညနေပိုင်းက ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ရောဂါဆိုင်ရာ အသိပညာပေးခြင်းအားပြသခြင်း ကို ဆောင်ရွက်ခဲ့သည်။

တနင်္သာရီမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် အောင်မင်္ဂလာဈေး (၂) တိုင်ခြေတစ်ချို့ မြေကျွံကျမှုဖြစ်ပွါး၍ ဈေးဆိုင်ခန်း (၃) ခန်းအား အသွားအလာ ကန့်သတ်ယာယီပိတ်ထား

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် စည်ပင်သာယာရေးအဖွဲပိုင် အောင်မင်္ဂလာ (၂) ဈေး၏ မြစ်ကမ်းဘက်ခြမ်းရှိ ကွန်ကရစ်တိုင်များ မြေကျွံ့ကျမှုဖြစ်ပွါးခဲ့ရာ ဈေးဆိုင်ခန်းနေရာ (၃) နေရာအတွင်းရှိ ဈေးဆိုင်လက်ရန်းများနှင့် ကြမ်းခင်းများ အနည်းငယ် နိမ့်ကျမှုဖြစ်ပွားနေသောကြောင့်

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရေးအတွက် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီ အချိန်က ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ မိုင်းပျဉ်းကျေးရွာအုပ်စုနှင့် နမ့်ပါချီးကျေးရွာအုပ်စုရှိ ဘုန်းတော် ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီး သရက်မြို့ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အလှူငွေများ လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ သရက်မြို့ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင်အသုံးပြုရန်အတွက် သရက်ခရိုင်ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင် နေသော ခွဲစိတ်အထူးကုဆရာဝန် ဒေါက်တာသန်းဌေးနှင့် မောင်နှမတစ်စုတို့မှ အလှူငွေများ ပေးအပ် လှူဒါန်းခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက သရက်မြို့ပြည်သူ့ဆေးရုံတွင် ကျင်းပခဲ့ သည်။

ခန္တီးခရိုင် ပြည်သူ့စာကြည့်တိုက်အတွက် ကျန်းမာရေးဦးစီးဌာနမှ သမားတော် စိုင်းကျော် သီဟက စာအုပ်များလှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့် တိုက်အတွက် ခရိုင်ကျန်းမာရေးဦးစီးဌာနမှ သမားတော်စိုင်းကျော်သီဟက ယမန်နေ့ မွန်လွဲပိုင်းက ငွေကျပ် ၄၂၉၀၀/- တန်ဖိုးရှိ စာအုပ် (၁၁)အုပ်ကို ပေးအပ် လှူဒါန်းရာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှူး ဦးအမ်းအင်းလမ်းက လက်ခံရယူခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ကပ်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ Oxygen Concentrator(၁)လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ ECGစက်(၁)လုံးနှင့် အလှူငွေများ လာရောက် လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ကပ်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း အထောက် အကူဖြစ်စေရန်အတွက် အောက်ဆီဂျင်စက် (Oxygen Concentrator) (၁)လုံးနှင့်ဆက်စပ် ပစ္စည်းများ ၊ECGစက်(၁)လုံးနှင့် အလှူငွေ ကျပ်(၃)သိန်းကို ကလေးခရိုင် ကိုဗစ်-၁၉ကပ်ရောဂါထိန်းချုပ်ရေးနှင့် အ ရေးပေါ်တုံ့ ပြန်ရေးကော်မတီသို့ ဦးယော်ထုန်နှင့်ဒေါ်မာလုမိသားစု (မြနဒီသောက်ရေသန့်)မှ ယမန်နေ့ မွန်းလွှဲ ၄နာရီအချိန်က လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေးခရိုင်အဆင့် ကော်မတီမှ လားရှိုးမြို့ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများသို့ စားသောက်ကုန်နှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ တတိယအကြိမ် လှူဒါန်းထောက်ပံ့

ရှမ်းပြည်နယ်(မြောက်ပိုင်း) COVID(19)ကာကွယ်၊ ထိန်းချုပ်ကုသရေးခရိုင်အဆင့်ကော်မတီက လားရှိုးမြို့ နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ယ‌နေ့ နံနက်(၉)နာရီ အချိန်ကစတင်၍ ကျောင်းတိုက်များသို့အရောက် စားသောက်ကုန်နှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ တတိယအကြိမ် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

သန်လျင်မြို့နယ် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေး အရှိန်မြှင့် ဆောင်ရွက်မည်

ရန်ကုန်တောင်ပိုင်းခရိုင်၊  သန်လျင်မြို့နယ်  ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ ပြန်ရေး ကော်မတီလုပ်ငန်းများ 
Subscribe to