မိုင်းငေါ့မြို့၌ ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး နံရံကပ် စာစောင်များပြသ

မိုင်းငေါ့ အောက်တိုဘာ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် မြေစိုက်နံရံကပ်သီးသန့်ပြဘုတ်ဖြင့် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး နံရံကပ်ပိုစတာများကို ယနေ့ နံနက်ပိုင်းမှစတင်၍ ပြသထားလျက်ရှိကြောင်း သိရသည်။

အဆိုပါအသိပညာပေး နံရံကပ်စာစောင်တွင် ကိုဗစ်-၁၉ကာလ အတွင်း မိမိ၏ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အကြံပြုချက်များ လိုက်နာစေရေး၊ မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်ပါသလား၊ သင့်မှာအချိန်မရှိ/ မလုံလောက်ဖြစ်နေပါ သလား၊ Onlineကနေ စစ်ဆေးလိုက်ပါ၊ ယခုသွားရောက်စစ်ဆေးလိုက်ပါ စသည့်ခေါင်းစဉ်ပါ နံရံကပ်ပိုစတာများနှင့် သင့်အမည်မဲဆန္ဒရှင်စာရင်းမှာ ပါ/မပါ စစ်ဆေးပြီးပြီလား အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ပြသ ဆောင်ရွက်ထားကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)