ဘီးလင်း အောက်တိုဘာ ၈
ဘီးလင်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်ကြမည့် အထူးရဲသင်တန်း တက်ရောက် နေသော သင်တန်းသားများအား COVID - 19 ပိုး ရှိ၊မရှိ ကို ဘီးလင်းမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမိုးကျော်သူ ဦးဆောင်သောကျန်းမာရေး ဝန်ထမ်းများက Standard Q COVID-19 Antigen (RDT) Test ဖြင့် ယမန်နေ့က စစ်ဆေးပေး ခဲ့ကြောင်းသိရသည်။
ထိုသို့ စစ်ဆေးရာတွင် ဒေါက်ရပ် (အထက) ကျောင်း၌သင်တန်းတက်ရောက်နေကြသော အထူးရဲ ၈၄ ဦးတို့အား Covid - 19 ပိုးရှိ၊မရှိ စစ်ဆေးခြင်းပြုလုပ်ခဲ့ရာ သင်တန်းတက် ရောက်သူအားလုံးတွင် covid - 19 ပိုးမတွေ့ရှိရကြောင်း မြို့နယ်ပြည်သူကျန်းမာ ရေးဦးစီးဌာနမှ သိရှိရသည်။
ထူးနောင်(ပြန်/ဆက်)