ဒေါ်ခင်ကြည်ဖောင်ဒေးရှင်မှ သုံးခွမြို့နယ် ပြည်သူ့ဆေးရုံအတွက် ငွေကျပ် ၆ သိန်း ကျော် တန်ဘိုးရှိ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ လှူဒါန်း

သုံးခွ အောက်တိုဘာ ၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ပြည်သူ့ဆေးရုံသို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ  ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းက လာရောက် လှူဒါန်း ခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ သုံးခွမြို့နယ် ပြည်သူ့ဆေးရုံတွင် အသုံးပြုနိုင်ရန်အတွက် ကိုဗစ်- ၁၉ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများဖြစ်သည့်PPE (၃၀)ထည်၊ Surgical Gown (၅၀)ထည်၊Surgical Mask (၅၀၀)ခု၊ N 95 Mask (၂၀)ခု၊face Shield (၁၀၀)ခု၊ plastic Apron (၁၀၀)ခုပါ(၃)ထုပ်၊ ခေါင်းစွပ်(၁၀၀)ခုပါ (၂)ဗူး၊ လက်အိတ် (၁၀၀)ခုပါ (၁၀)ဗူး၊ ရာဘာလက်အိတ်ရှည်(၁၀)ခုအပါအဝင် စုစုပေါင်းတန်ဖိုးငွေကျပ် ၆၀၁,၁၀၀ရှိ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်၊ မြို့နယ်ကျန်းမာရေးဌာနမှူး ဦးဇော်၀င်းသန်းနှင့်တာ၀န်ရှိသူတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ သုံးခွမြို့နယ် ကိုဗစ်-၁၉ ကာကွယိထိန်းချုပ်ရေးနှင့် ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက်  အသွားအလာကန့်သတ်စောင့်ကြည့်နေရာများတွင် ငွေကျပ် ၉၁၄,၂၀၀နှင့် မြို့နယ်ပြည်သူ့ဆေးရုံးအတွက် ငွေကျပ် ၆၀၁,၁၀၀၊ စုစုပေါင်း ငွေကျပ်သိန်း ၁,၅၁၅,၃၀၀ တန်ဘိုးရှိ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများကို လာရောက် လှူဒါန်း ခဲ့ကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်