သန်လျင် အောက်တိုဘာ ၈
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်ကာလ စားဝတ်နေရေး အခက်အခဲ ရှိသော သက်ကြီးအဖိုး အဖွားများနှင့် အခြေခံပြည်သူများအား We Love Yangon ၏စီစဉ်ပေးမှုဖြင့် We Love Thanlyinအဖွဲ့နှင့် လူမှု့အသင်း အဖွဲ့များက အိမ်တိုင် ရာရောက် ထောက်ပံ့ ပေးခဲ့သည်။ ယင်းသို့ထောက်ပံ့ ပေးရာတွင် အိမ်ထောင်စု(၁၀၀)အတွက်တစ် အိမ်ထောင်လျှင်ဆန်(၆)ပြည်၊ နေကြာဆီ(၅၀)သား၊ ကြက်ဥ(၁၀)လုံး၊ငါးသေတ္တာဘူး(၄)ဘူး၊ ခေါက်ဆွဲခြောက်(၁၀)ထုပ်စီ ထောက်ပံ့ပေးခဲ့သည်။
သန်လျင်မြို့နယ်တွင် ကိုဗစ်ကာလ စားသောက်ရေး ခက်ခဲ လျှက်ရှိသည့် အခြေခံ ပြည်သူများအား အသင်းအဖွဲ့များ၊ အလှူရှင်များက တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းနှင့်ဖြစ်စေ ဆန်၊ဆီနှင့် မီးဖိုချောင်သုံးပစ္စည်းများ ထောက်ပံ့ပေးလှျက်ရှိကြောင်း တွေ့ရ သည်။ သန်လျင်မြို့နယ်တွင် ယနေ့ထိကိုဗစ်-၁၉အတည်ပြု ပိုးတွေ့လူနာ (၄၀၁)ဦး ရှိပြီး ရောဂါပျံ့ပွား မှုမရှိစေရေး ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကိုမြို့နယ် ကိုဗစ်-၁၉ကာကွယ်ထိန်း ချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ကအဖွဲ့များ ခွဲကာနေ့ညအရှိန်မြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
သန်းဝင်း(သန်လျင်)