မွန်ပြည်နယ် ကျိုက်မ​ရော မြို့နယ်တွင် ပြည်​ထောင်စု​ရွေး ​ကောက်ပွဲ ​ကော်မရှင်မှထုတ်ဝေသည့် ပညာ​ပေးလက်ကမ်း စာ​စောင်များဖြန့်​ဝေ

ကျိုက်မရော   ​အောက်တိုဘာ  

ပြည်​ထောက်စု ​ရွေး​ကောက်ပွဲ ​ကော်မရှင်မှထုတ်​​ဝေ​သော ၂၀၂၀ ပြည့်နှစ်  အ​ထွေ​ထွေရွေး​ကောက်ပွဲနှင့်ပတ်သက်သော  အသိပညာ​ပေးလက်ကမ်းစာ​စောင်များ၊ပိုစတာများကို ကျိုက်မ​ရောမြို့နယ် ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ် ​ရွေး​​ကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဦးစီးအရာရှိနှင့်      ဝန်ထမ်းများက  ယ​နေ့​​ ​ ​​နေ့လည် ၁ နာရီ က တရနာကျေးရွာ  ​မြို့မ​စျေးနှင့် ဂျိုင်းမြစ်ကမ်းနားလှေဆိပ်တို့၌ သွားလာ​နေကြ သည့် ​     ခရီးသွားပြည်သူများနှင့် ​စျေးသည်များထံအသိပညာ​ပေး၍ ဖြန့်​​ဝေ​ပေးခဲ့​ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာ ​စောင်နှင့်ပိုစတာ များတွင်မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါ/မပါ
စစ်​ဆေးပြီးပြီလား၊သင်ဒါ​တွေသိပြီးပြီလား၊ ယခုဘဲ သွား​ရောက်စစ်​ဆေးလိုက်ပါ၊ သင့် အမည်ပါ မပါစစ်​​ဆေးလိုက်ပါ၊ မဲ​ပေးနိုင်ဖို့အတွက်သင့်အမည် မဲစာရင်းတွင် ပါဝင်ရပါမယ်၊ အတူတကွမဲ​ပေးကြပါစို့၊ အွန်လိုင်း​ပေါ်မှာလည်းမဲ စာရင်းကြည့်နိုင်ပါသည်စသည့် အသိ ပညာပေးအချက် အလက်များပါဝင်ပြီး အဆိုပါပညာ​ပေးစာ​စောင်နှင့်ပိုစတာများကို ပြည်သူများသိရှိနိုင်​စေရန် အတွက်ရပ်ကွက်ကျေးရွာတိုင်းရှိ ရပ်/ကျေး ကော်မရှင်ရုံး များတွင်လည်း ကပ်ထား​ကြေငြာ ​ပေးထား​​ကြောင်း သိရသည်။

ချိုမြတ်မြတ်​ထွေး (ပြန်/ဆက်)