ကြည့်မြင်တိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီသို့ ကုတင် အလုံး (၇၀) လှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီသို့ ကုတင် အလုံး (၇၀) ကို ယမန်နေ့က အ-ထ-က (၁) ကြည့်မြင်တိုင်တွင် ဖွင့်လှစ်ထားသည့် အသွားအလာကန့်သတ်စောင့်ကြည့်နေရာသို့ လာရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။

မိုင်းရှူးမြို့နယ်အတွင်း ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းထုတ်ပြန်ကြေညာမှုများ ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင် ခရိုင်၊ မိုင်းရှူးမြို့နယ်၊ မိုင်းစံမြို့၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ထုတ်ပြန် ကြေညာခြင်းကို မိုင်းရှူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းဝင်းနှင့်အဖွဲ့ဝင်များသည် ယမန်နေ့က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့တွင် မဖြစ်မနေလမ်းထွက်သွားလာနေကြသည့် နှာခေါင်းစည်းမတပ်သူများအား အသိပညာပေးလှုပ်ရှားဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက NGO အဖွဲ့များဖြင့် မဖြစ်မနေ လမ်းထွက်သွားလာနေကြသည့် နှာခေါင်းစည်းမတပ်ဆင်သူများအား နှာခေါင်းစည်းများ တပ်ဆင်စေခြင်းနှင့် ပညာပေးခြင်း လုပ်ငန်းများကို ယမန်နေ့မွန်းလွဲပိုင်းက မြို့ပေါ်ရပ်ကွက်သုံးခုအတွင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး ရုပ်ပုံများ မြေစိုက်ဘုတ်တွင် ပြသ

ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင် ၊ ကဝမြို့နယ် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ သိရှိလိုက်နာနိုင်ရေးအတွက်

ပေါက်မြို့နယ် ပညာရေးဝန်ထမ်း မိသားစုများကကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေကျပ်၂၈သိန်း ပေးအပ်လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ပညာရေးဝန်ထမ်း မိသားစုများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာ လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အတွက် ရည်ရွယ်၍ အလှူငွေ ကျပ်၂၈သိန်းကို ပေါက်မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေး​ပေါ်တုံ့ပြန်ရေးကော်မတီသို့​ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ ဝေးခန်းမတွင် ပေးအပ်လှူဒါန်းသည်။

ညောင်တုန်းမြို့တွင် ဂတ်စ်ပိုက်လိုင်းပေါက်ရာမှ မီးလောင်မှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ကညင်ကောက်ကြီးကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ၊ ရန်ကုန်-ပုသိမ် ကားလမ်းမဘေးမိုင်တိုင် (၃၃/၄)နှင့် (၃၃/၅) ကြားတွင် ဂတ်စ်ပိုက်လိုင်းပေါက်ထွက်ရာမှ ယနေ့နံနက် ၂ နာရီ ၅၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

ရေတာရှည်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် များဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ နောက်ဆုံးအကြိမ် အဖြစ် ကပ်ထားကြေညာလျက်ရှိရာ မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးအတွက် အသိပညာပေး လုပ်ငန်းများကို အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းက မြို့ပေါ်စျေးနှင့် မြို့တွင်း လမ်းဆုံနေရာများ တွင် ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

လက်ပံတန်းမြို့နယ်တွင် Rapid Test Kit For Covid-19 ဖြင့် ရွေးကောက်ပွဲဆိုင်ရာ အထူးရဲ သင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ၊မရှိ စစ်ဆေးပေးလျက်ရှိ

လက်ပံတန်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင် ကြမည့် အထူးရဲသင်တန်း တက်ရောက် နေသော သင်တန်းသားများအား ကိုဗစ်-၁၉ပိုး ရှိ၊မရှိ ကို လက်ပံတန်းမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာရဲဝင်း ဦးဆောင်သောကျန်း မာ‌ရေး ဝန်ထမ်းများက Rapid Test Kit For ကိုဗစ်-၁၉ ဖြင့် ​​​အောက်တိုဘာလ ၈ ရက်နေ့မှစ၍ စစ်ဆေးပေး ခဲ့ကြောင်းသိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ အသွားအလာကန့်သတ်စောင့်ကြည့်နေရာ (၃) ခုတွင် ကိုဗစ်-၁၉ ရောဂါ ကန့်သတ်စောင့်ကြည့်ထားသူများအတွက် နေ့လယ်စာထမင်းဘူး (၂၇၅) ဘူးနှင့် တစ်နေ့တာ အာဟာရ အတွက် ငွေကျပ် (၁၀) သိန်း လာရောက်လှူဒါန်း

ကြံခင်းမြို့နယ် အုပ္ပုံလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များအား Test kit များဖြင့် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် အုပ္ပုံလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Test kitဖြင့် ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးပေးခြင်းကို ယမန်နေ့ကစပြီး အုပ္ပုံ(အ-မ-က)ကျောင်းတွင် ကြံခင်းမြို့ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to