အုတ်ဖိုမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်က လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့သည်။

အင်လေးဒေသရှိကျေးရွာများတွင် ရေကောင်းရေသန့်ရရှိရေး ဆောင်ရွက်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တောင်ကြီးခရိုင်အတွင်းရှိ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိကျေးရွာများသို့ ရေကောင်းရေသန့်ရရှိရေးအတွက် ရေဗြုန်ရေထွက် (သဘာဝရေထွက်)မှ ရေသွယ်ဖြန့်ဝေပေးခြင်းလုပ်ငန်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဝန်ကြီးဌာန၏ ထောက်ပံ့ ရန်ပုံငွေကျပ်(၁၅.၀၀)သန်းဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။

ချီဖွေမြို့နယ်၌ အသက်(၈၀)နှင့် (၈၅) နှစ်ကြား အဘိုး/အဘွားများနှင့် အသက်(၈၅)နှစ်အထက်သက်ကြီး ဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေပေးအပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်း ဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ အသက်(၈၀)နှစ် တင်းတင်းပြည့်ပြီး အသက်(၈၅)နှစ် မပြည့်သေးသည့် သက်ကြီး ဘိုးဘွား များနှင့် အသက်(၈၅)နှစ် အထက် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီမှစ၍ သက်ဆိုင်ရာ ရပ်/ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေး စာရေးများက လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုင်းရယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မိုင်းရယ်မြို့နယ်၊ ရပ်ကွက်(၁)ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အထူးရဲသင်တန်းတက်ရောက်နေသော သင်တန်းသားများအား ကိုဗစ်-၁၉ရောဂါ ပိုး ရှိ၊မရှိ တွံတေး၌ စစ်ဆေးခြင်း ဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်ကြမည့် အထူးရဲသင်တန်း တက်ရောက်နေသေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာလေမြို့၌ Mask တပ်ဆင်ခြင်း ရှိ၊ မရှိနှင့် လူတိုင်း Mask စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေး စစ်ဆေးခြင်းများ ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါသည် ပြည်တွင်း၌ ကူးစက်ပြန့်နှံ့မှုများ မြင့်မားလာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိသည်။

ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်−၁၉ ရောဂါ ဆိုင်ရာ အသိပညာပေးခြင်းဆောင်ရွက်

ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရန်အတွက် ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများ အား ပြည်သူများ သိရှိစေရန် ရည်ရွယ်၍ ယမန်နေ့ နေ့လယ် ၁ နာရီက ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်−၁၉ ရောဂါ ဆိုင်ရာ အသိပညာ ပေး ရုပ်ပုံများ ပြသခြင်း ဆောင်ရွက်ခဲ့သည်။

ငါ့သရောက်မြို့၌ ကလေးသူငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး

ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့အတွင်းရှိ မွေးကင်းစမှ အသက် (၁)နှစ်ခွဲအထိကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးစစ်ဆေး ခြင်းတို့ကို ယနေ့နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက် (၄)ခုနှင့် ကျေးရွာပေါင်း (၂၇)ရွာတို့တွင် သက်ဆိုင်ရာကျေးလက်ကျန်းမာရေးဌာန(ခွဲ)အလိုက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးညိုမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ပြိုလဲပျက်စီး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ဘုရားငူအုပ်စု၊ လဖျော်ပင်ကျေးရွာနေ ဦးအောင်နိုင်(ကျဘမ်း)၏ (၄)ပင် အိမ်၊ သက္ကယ်မိုး၊ ထရံကာ ဝါးအိမ်(၁)လုံး ပြိုလဲပျက်စီးခြင်း၊ အလားတူ ထိန်တောအုပ်စု၊ ကျွန်းကြီးရွာ ဦးနေဝင်းအောင် ကိုင်းလုပ်သူ၏ သွပ်မိုး၊ ထရံကာ၊ ဝါးအိမ်မှာ သစ်ပင်ပိခြင်းကြောင့် အိမ်တစ်ခြမ်း ပျက်စီးခဲ့ခြင်း၊ မြေဇာအုပ်စု၊ ကျွန်းသီတာကျေးရွာရှိ ဦးမြင့်အောင်(ကျဘမ်း)၏ သွပ်မိုး၊ ထရံကာ၊ သစ်သားအိမ်မှာ သစ်ပင်ပိခြင်းကြောင့် အမိုးသွပ်(၁၀)ချပ်ခန့်နှင့် ဒိုင်း၊ မျှား သစ်(၃)ချောင်း ပျက်စီးခြင်း တို့ ဖြစ်ပွားခဲ့သည်။

မိုးကုတ်မြို့နယ် ပရဟိတမိဘမဲ့ဂေဟာများသို့ အာဟာရ နို့တိုက်ကျွေးခြင်းနှင့် Maskများ ဖြန့်ဝေ

မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးကော်မတီတို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက ပရဟိတမိဘမဲ့ကလေးဂေဟာများတွင် အာဟာရနို့တိုက်ကျွေးခဲ့ကြပြီး maskများ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။
Subscribe to