လက်ပံတန်း အောက်တိုဘာ ၉
လက်ပံတန်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင် ကြမည့် အထူးရဲသင်တန်း တက်ရောက် နေသော သင်တန်းသားများအား ကိုဗစ်-၁၉ပိုး ရှိ၊မရှိ ကို လက်ပံတန်းမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာရဲဝင်း ဦးဆောင်သောကျန်း မာရေး ဝန်ထမ်းများက Rapid Test Kit For ကိုဗစ်-၁၉ ဖြင့် အောက်တိုဘာလ ၈ ရက်နေ့မှစ၍ စစ်ဆေးပေး ခဲ့ကြောင်းသိရသည်။
ထိုသို့ စစ်ဆေးရာတွင် အမှတ်(၇) ဖွဲနုဆီ စက်ဟောင်းအတွင်း ဖွင့်လှစ်ထားသော သင်တန်း၌တက်ရောက်နေကြသော အထူးရဲ ၇၈ဦးနှင့် သင်တန်းမှူး၊ နည်းပြ၊ ကြီးကြပ်သူ(၆)ဦး စုစုပေါင်း (၈၄)ဦးအား ကိုဗစ်ပိုးရှိ၊ မရှိ စစ်ဆေးခြင်း ပြုလုပ် ခဲ့ရာ သင်တန်းတက် ရောက်သူအားလုံးတွင် ကိုဗစ်-၁၉ ပိုးမတွေ့ရှိရကြောင်း နှင့်ဆက် လက်ပြီး ခမုံ၊သာရဝေါ၊ဇီးဖြူကုန်းရှိ အထူးရဲသင်တန်းသား များအား ဆက်လက် စစ်ဆေး ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ သိရှိရသည်။
ဝင့်နန္ဒာဌေး