ရန်ကုန် အောက်တိုဘာ ၉
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဆောင်ရွက်လျက်ရှိသော Quarantine Centre (၃) ခုတွင် ကန့်သတ်စောင့်ကြည့်ထားသည့်သူများအား နေ့စဉ်လိုအပ်သည့် အာဟာရများအတွက် မြို့နယ် အတွင်းမှ စေတနာရှင်များကလည်း လာရောက်လှူဒါန်းလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်း က နေ့လယ်စာထမင်းဘူး (၂၇၅) ဘူးနှင့် တစ်နေ့တာအာဟာရအတွက် ငွေကျပ် (၁၀) သိန်း တို့ကို စေတနာရှင်များက လာရောက်လှူဒါန်းခဲ့ကြသည်။
ထိုသို့လှူဒါန်းရာတွင် သိမ်ဖြူလက်ဝှေ့ရုံ၊ အ.ထ.က(၁)၊ အ.ထ.က(၄) တို့တွင် ဆောင်ရွက် ထားသော Community Based Facility Quarantine Centre (၃) ခုရှိ ကိုဗစ်-၁၉ ရောဂါ ကန့်သတ်စောင့်ကြည့်ထားသူများအတွက် ကျိုက်ထီရိုး ဟိန္ဒူမိသားစု ဆီမီး ၅၀၀၀ အဖွဲ့မှ နေ့လယ်စာ ထမင်းဘူး (၂၇၅) ဘူး၊ ရေတွင်းကုန်း ရပ် ကွက် ၊ လမ်း (၁၂၀) နေ ဦးတင်ဟန် (အိန္ဒြာဆောက်လုပ်ရေး)မှ တစ်နေ့တာအာဟာရအတွက် ငွေကျပ် (၁၀) သိန်း တို့ကို အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာသို့ လာရောက် လှူဒါန်းခဲ့ကြရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်နှင့် မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးခင်လှိုင်တို့က အသီးသီး လက်ခံ ရယူခဲ့ကြပြီး ကျေးဇူးတင်ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)