ရေတာရှည်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် များဖြန့်ဝေ

ရေတာရှည် အောက်တိုဘာ ၉


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ နောက်ဆုံးအကြိမ် အဖြစ် ကပ်ထားကြေညာလျက်ရှိရာ မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးအတွက် အသိပညာပေး လုပ်ငန်းများကို အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းက မြို့ပေါ်စျေးနှင့် မြို့တွင်း လမ်းဆုံနေရာများ တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သင့်အမည် မဲဆန္ဒရှင်စာရင်းမှာ ပါ/မပါ စစ်ဆေးပြီးပြီလား၊ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း နှင့် မကြာခဏ မေးလေ့မေးထရှိသော မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်းနှင့်အဖြေများ ပိုစတာများကို လူစည်ကားရာနေရာများတွင် ကပ်ထားခြင်း၊ မိမိ၏အမည်စာရင်းများပါ မပါ၊ အချက်အလက်များ မှန်ကန်မှုရှိ/မရှိ၊ အချက်အလက်များ မှားယွင်းနေပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ ခွဲရုံးများတွင် ဖြည့်စွက်မှု များ ပြုလုပ်နိုင်ကြောင်း နှိုးဆော်အသိပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ဆု(ပြန်/ဆက်)