ကြည့်မြင်တိုင် အောက်တိုဘာ ၉
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီသို့ ကုတင် အလုံး (၇၀) ကို ယမန်နေ့က အ-ထ-က (၁) ကြည့်မြင်တိုင်တွင် ဖွင့်လှစ်ထားသည့် အသွားအလာကန့်သတ်စောင့်ကြည့်နေရာသို့ လာရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။
ထိုသို့လှူဒါန်းရာတွင် ARDE Furniture Co; Ltd. မှ ကုတင်အလုံး (၇၀) လှူဒါန်းခဲ့ရာ မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း၊ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်နန္ဒအောင်၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇာနည်ဝင်းတို့က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများကို ပြန်လည် ပေးအပ်ခဲ့သည်။
ကြည့်မြင်တိုင်မြို့နယ်အတွင်း အသွားအလာကန့်သတ်စောင့်ကြည့်နေရာများသို့ စေတနာရှင် အလှူရှင်များက အလှူငွေ၊ ကာကွယ်ရေးသုံးပစ္စည်းများ၊ စားသောက်စရာများကို နေ့စဉ် မပြတ် လာရောက် လှူဒါန်းလျက်ရှိကြောင်းသိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)