ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး ရုပ်ပုံများ မြေစိုက်ဘုတ်တွင် ပြသ

ကဝ အောက်တိုဘာ ၉

ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင် ၊ ကဝမြို့နယ် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ သိရှိလိုက်နာနိုင်ရေးအတွက် UNESCO မှပေးပို့လာသည့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွား မှုနှင့် ပတ်သက်သည့် ရုပ်ပုံများအား မြေစိုက်နံရံကပ် ပြဘုတ်တွင် ယနေ့ နံနက်ပိုင်းက စတင်၍ ပြသပေးထား ကြောင်းသိရှိရသည်။

အဆိုပါပြဘုတ်တွင်(၁) အချက်အလက်နှင့်ထင်မြင်ယူဆချက်တို့ကို ခွဲခြားဖို့ ခက်နေပါသလား(၂) သတင်းတင်ဆက်ချက်များထဲမှ ဓမ္မဓိဌာန် သတင်းအချက်အလက်များနှင့် ပုဂ္ဂလ ဓိဌာန် သတင်းအချက်အလက်များ (၃)သတင်းအချက်အလက်နှင့်ထင်မြင်ယူဆချက် (၄)သတင်းတွင် အသုံးပြုသော စကားအသုံးအနှုန်းပိုင်းကို သတိထားကြည့်ရှုပါ (၅) သတင်းခွဲခြားစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ (၆)ကလေးသူငယ်၊ လူငယ်နှင့် လူမှုမီဒီယာ အသုံးပြုမှု သဘောတူညီမှုတစ်ရပ် ပြုလုပ်ပါ(၇) လူမှုမီဒီယာပေါ်တွင် ဘေးကင်း လုံခြုံမှုအကြောင်း ဆွေးနွေးရာတွင် ဆောင်ရန်နှင့်ရှောင်ရန်များ(၈) သတင်းအချက်အလက်များက မည်သို့ဆက်စပ် အရေးပါကြောင်း ကလေးများနှင့် အတူ ဆွေးနွေးပါ (၉) မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာဆိုသည်မှာ အဘယ်နည်း (၁၀) သင်သည် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းသူဖြစ်ပါသလား (၁၁) သမိုင်းဝင် တည်နေရာများကို ပုံရိပ်ယောင်နည်းပညာဖြင့်  သွားရောက်လေ့လာရာဝယ် (၁၂) မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့် ကြော်ငြာများ (၁၄) မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့် လုပ်ကြံသတင်းများ (၁၅) ကလေးများနှင့်အတူ စာဖတ်ပါ (၁၆) မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာ နည်းလမ်းများ (၁၇) ရုပ်ရှင်အတူကြည့်ပါ (၁၈) ကလေးများနှင့်အတူ သတင်းကြည့်ရာဝယ် စသည့် လေ့လာမှတ်သားဖွယ်ရာ ဗဟုသုတမျိုးစုံ ပါရှိကြောင်း လေ့လာသိရှိရသည်။

ချစ်နှင်းသုန် (ပြန်/ဆက်)