ပေါက် အောက်တိုဘာ ၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ပညာရေးဝန်ထမ်း မိသားစုများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာ လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အတွက် ရည်ရွယ်၍ အလှူငွေ ကျပ်၂၈သိန်းကို ပေါက်မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ ဝေးခန်းမတွင် ပေးအပ်လှူဒါန်းသည်။
အဆိုပါ လှူဒါန်းမှုတွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာ လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အ တွက် မြို့နယ် ပညာရေးဝန်ထမ်း မိသားစုများက စုပေါင်းထည့်ဝင်ကာ လှူဒါန်းငွေကျပ်၂၈ သိန်းကို ပေးအပ်လှူဒါန်းပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြား ခဲ့ကြောင်း သိရသည်။
ဉာဏ်တိုး(ပေါက်)