အ-ထ-က(၇)အလုံ အသွားအလာကန့်သတ်စောင့်ကြည့်စင်တာ (Quarantine Centre) သို့ ရေလုံ လောက်စွာ သုံးစွဲနိုင်ရေးအတွက် ရေပေးဝေလှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇) အလုံတွင် ဖွင့်လှစ်ထားသည့် အသွားအလာ ကန့်သတ်စောင့်ကြည့်စင်တာ (Quarantine Centre) ရှိ အသွားအလာ ကန့်သတ်ထားသော ပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ သုံးရေလုံလောက်စွာ အသုံးပြုရန်အတွက် ယနေ့ မွန်းတည့်(၁၂)နာရီအချိန်က သုံးရေများ လာရောက်ပေးဝေလှူဒါန်းခဲ့ကြောင်း သိရသည်။

ငါ့သရောက်မြို့၌ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ Mask Campaign ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးနိုင်ရေး၊ ပြည်သူများ နှာခေါင်းစည်းတပ်ဆင် အသုံးပြုကြ ရေးအတွက် မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ Mask Campaign ပြုလုပ်ခြင်း ကို ယနေ့နံနက်ပိုင်းက မြို့အဝင်လမ်းနှင့် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့သည်။

သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့်အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများကွင်းဆင်း ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် ပိုးဇာနွယ်ကျေးရွာ၌ မိုးရာသီကာလတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက ဖုံး၊သွန်၊လဲ၊စစ်နှင့်အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့ဝင်၊မြို့ထွက်ဂိတ်တွင် နေ့စဉ်အရှိန်အဟုန်မပြတ်စစ်ဆေးဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့ဝင်၊မြို့ထွက်ဂိတ်တွင် နေ့စဉ်အရှိန်အဟုန်မပြတ် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

နမ့်စန်တွင် အသက် ၈၀ နှင့် ၈၅ နှစ်အကြား သက်ကြီးဘိုးဘွားများကို ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်အရ ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက် ၈၀ ပြည့်ပြီး ၈၅ နှစ်မပြည့်သေးသော သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေများကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်မှ တာဝန်ရှိသူများက ဘိုးဘွားများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ဗဟိုစံပြငါးစျေးသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် များမှ ကွင်းဆင်းစစ်ဆေး

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ဗဟိုစံပြငါးဈေးတွင် ဈေးရောင်း၊ ဈေးဝယ် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဈေးရောင်း၊ ဈေးဝယ်ခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူ များက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးပိုစတာနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ‌ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာထားမှု ပြည်သူများ သိရှိစေရန် ရွေးကောက်ပွဲဆိုင်ရာ လက်ကမ်း စာစောင်များဖြန့်ဝေခြင်း၊ ပိုစတာများကပ်ထားခြင်းတို့ကို ယနေ့နံနက်က မြို့မဈေး၊ တက္ကစီဂိတ် နှင့် မြို့ပေါ်ရပ်ကွက် များတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘောဂလိမြို့ သပြေညွှန့်ကျေးရွာ Quarantine Centre တွင်ပါဝင်ကူညီဆောင်ရွက် ပေးသော စေတနာ့ဝန်ထမ်း (Volunteer) များအား ထောက်ပံ့ငွေပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ သပြေညွှန့်ကျေးရွာ Quarantine Centre တွင် ပါဝင် ကူညီဆောင်ရွက် ပေးသော စေတနာ့ဝန်ထမ်း (Volunteer) များအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဘောဂလိမြို့ သပြေညွှန့်ကျေးရွာ အုပ်ချုပ်ရေးမှုးရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သီပေါမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု စာရေး ဝန်ထမ်းများအား ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃နာရီ အချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ကမာရွတ်မြို့နယ်အတွင်းရှိ Quarantine Center များနှင့် လိုအပ်သည့် နေရာများတွင် အသုံးပြုနိုင်ရန် Mask၊ လက်အိတ်၊ မျက်မှန်နှင့် Hand gel များ လာရောက်လှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာတွင် ကမာရွတ်မြို့နယ်အတွင်းရှိ Quarantine Center များနှင့် လိုအပ်သည့် နေရာများတွင် အသုံးပြုနိုင်ရန်အတွက် တိရစ္ဆာန်ဆေးကုဆရာဝန်များ ပရဟိတအဖွဲ့များ (Infinity Vets Myanmar) မှ မျက်မှန်(၅၀)ခု၊ လက်အိတ် (၂၅)ဘူး၊ HandGel 500ml(၁၀)ဘူးနှင့် Mask(၂၀၀၀)ခုတို့ကို ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က အ.မ.က(၂) ကျောင်း Community Based Facility Quarantine Center သို့ လာရောက် လှူဒါန်းခဲ့သည်။
Subscribe to