ကျောက်တံတားမြို့နယ် Quarantine Centre သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အလှူငွေနှင့် ပစ္စည်းများ လာရောက်လှူဒါန်း

ကျောက်တံတားမြို့နယ် ၃၈ လမ်းရှိ Community Based Facility Quarantine Center (ပြည်သူအခြေပြုအသွားအလာ ကန့်သတ်စောင်ကြည့်နေရာသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အလှူငွေနှင့် ပစ္စည်းများကို မြို့နယ်အတွင်းရှိ ပြည်သူများနှင့် အလှူရှင်စေတနာရှင်များမှ နေ့စဉ် လာရောက်လှူဒါန်းပေးလျက်ရှိရာ ယမန်နေ့ နံနက် ပိုင်းတွင်လည်း အမှတ်(၂) ရပ်ကွက်(၃၄)လမ်းမှ ဦးမြင့်အောင်+ဒေါ်ခင်မြမြမိသားစုက အလှူငွေ (၇၀၀၀၀ဝိ/-)ကျပ်၊ ဘွားဘွား ဒေါ်ခင်ရီ(၂)နှစ်ပြည့် ကုသိုလ်အဖြစ် (၂၅၀၀၀ဝိ/-)ကျပ်တို့ကို လာရောက် လှူဒါန်းပေးခဲ့ရာ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးတို့က အလှူငွေများ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

လင်းခေးမြို့၌ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေး စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ လင်းခေးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် လင်းခေးမြို့တွင်း မိုင်းပန်-ဝမ်ဟတ်သွား လမ်းဆုံ၌ ပြည်သူများသွားလာနေကြသည့်နေရာသို့ ပူးပေါင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

တာမွေမြို့နယ်ရှိ Community Based Facility Quarantine Centre သို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက တာမွေမြို့နယ်ရှိ Community Based Facility Quarantine Centre သို့ ကျန်းမာရေးသုံးပစ္စည်းများဖြစ်သည့် Surgical Gown(၅၀)ထည်၊ Plastic Apron (၁၀၀)ခုပါ (၂ )ထုပ်၊ Surgical Mask (၁၀၀၀)ခု၊ Face Shield (၂၀၀)ခု၊ KN 95 Mask (၂၀)ခု၊ လက်အိပ်(၁၀၀)ခုပါ(၂)ဘူး၊ ရေမလို လက်သန့်ဆေးရည်(၅၀၀မီလီ) (၅)ဘူး၊ လက်ဆေး ဆပ်ပြာရည် (၅၀၀မီလီ)(၅)ဘူး၊ အရက်ပျံ (၅၀၀မီလီ)(၅)ဘူး၊ သွားတိုက်ဆေး+သွားပွတ်တံ+ဆပ်ပြာတုံး (၃)မျိုးတွဲပါ(၁၀၀)စုံ၊ မြက်ဖျာ၊ ခေါင်းအုံး+ခေါင်းအုံးစွပ်၊ စောင်၊ ခြင်ထောင်၊ ဂွမ်းကပ်ပါ (၁၀၀)စုံ၊ ရေချိုးခွက်၊ သောက်ရေခွက်၊ ဆပ်ပြာခွက်ပါ(၁၀၀)စုံ စုစုပေါင်း ငွေကျပ်(၁၄၆၈၉၀၀/−) တန်ဖိုးရှိ ပစ္စည်းများကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ Assistant Operation Manager ဦးအောင်ခန့်က ပေးအပ်လှူဒါန်းရာ တာမွေ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးအောင်ကျော်အေးနှင့် အဖွဲ့ဝင်များက လက်ခံရယူခဲ့သည်။

ခန္တီးမြို့နယ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး (တိုင်းဒေသကြီး) ရန်ပုံငွေဖြင့် ပညာရေးဝန်ထမ်း အိမ်ရာ ဆောင်ရွက်ပြီးစီး

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (တိုင်းဒေသကြီး) ခွင့်ပြုရန်ပုံငွေကျပ် ၅၀ ဒဿမ ၃၅၂ သန်းဖြင့် ခန္တီးမြို့နယ် ပင်ထောင်လောင်ဆောက် ကျေးရွာ ပညာရေးဝန်ထမ်းအိမ်ယာ (၅၂×၃၆ ×၁၂ ပေ) RC နှစ်ခန်းတွဲ ဆောက်လုပ်ပြီးစီးပြီဖြစ်၍ အောက်တိုဘာလ ၈ ရက်နေ့ တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ရဲမင်းဇော် နှင့် လုပ်ငန်းဆောင်ရွက်ခဲ့သည့် တာဝန်ခံတို့က သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့နယ် မင်းတစုကျေးရွာအုပ်စုအတွင်းရှိ သက်ကြီးဘိုးဘွားများအား အမျိုးသား လူမှုရေးပင်စင် ထောက်ပံ့ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မင်းတစုကျေးရွာအုပ်စုအတွင်းရှိ သက်ကြီး ဘိုးဘွားများအား (CERP) အစီအစဉ်အရ ပေးအပ်သည့် ထောက်ပံ့ငွေများ ကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။

ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် မြို့ဝင်ဂိတ်၌ တာဝန်ရှိသူများ မှ ကြီးကြပ်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် ဆောင်ရွက်လျက်ရှိသော မြို့ဝင် စစ်ဆေးရေးဂိတ်တွင် မြို့နယ်တာဝန်ရှိသူများကကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့မြေစိုက်ဘုတ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ အသိပညာပေး ရုပ်ပုံများ ပြသဆောင်ရွက်

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်ဘုတ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရန်အတွက် ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်သည့် အသိပညာပေး လုပ်ငန်းများ ကို မိဘပြည်သူများသိရှိစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက်(၁၀)နာရီက ရုံးရှေ့မြေစိုက်ဘုတ်တွင် ကပ်ထားပြသလျက်ရှိကြောင်း သိရသည်။

တမူးမြို့နယ်၊ မြို့သစ်မြို့၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၀၄၅၉ ဦးရှိပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၅ ဦးရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ မြို့သစ်မြို့အတွင်း၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ   သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဒုတိယ(နောက်ဆုံး) အကြိမ် မြောက်ကြေညာကပ်ထားမှုအရ မြို့သစ်မြို့အတွင်းရှိ မြို့ပေါ် ရပ်ကွက် သုံးရပ်ကွက်နှင့် ကျေးရွာအုပ်စု ခြောက်အုပ်စုတွင် မဲရုံပေါင်း တစ်ဆယ့်ငါးရုံဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၀၄၅၉)ဦးရှိကြောင်း သိရသည်။

ဓနုဖြူမြို့နယ် ပညာရေးဌာန မိသားစုများမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေများလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ပညာရေးဌာန မိသားစုများမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေများအား အောက်တိုဘာလ ၉ရက်နေ့ နံနက် ၉နာရီက မြို့နယ်ပညာရေးမှူးရုံးခန်း၌ ပေးအပ်လှူဒါန်းခဲ့သည်။
Subscribe to