ဓနုဖြူ အောက်တိုဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ပညာရေးဌာန မိသားစုများမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေများအား ယမန်နေ့ နံနက် ၉နာရီက မြို့နယ်ပညာရေးမှူးရုံးခန်း၌ ပေးအပ်လှူဒါန်းခဲ့သည်။
လှူဒါန်းရာတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံသို့ ငွေကျပ် (၁,၆၈၅,၀၀၀/-)ကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့ ဆေးရုံကြီးသို့ ငွေကျပ် (၉၀၀,၀၀၀/-) တန်ဘိုးရှိ လေအေးပေးစက် (၂)လုံး ကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့ဆေးရုံ အထောက်အကူပြုအဖွဲ့သို့ ငွေကျပ် (၅၀၀,၀၀၀/-)ကို လည်းကောင်း၊ မြို့နယ်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက်များသို့ ငွေကျပ် (၂၂၀,၀၀၀/-) ကိုလည်းကောင်း၊ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်စာသင်တိုက်သို့ ငွေကျပ် (၅၅၀,၀၀၀/-) ကိုလည်းကောင်း၊ မြို့နယ်ရှိ “One For All” လူမှုအထောက်အကူပြုအဖွဲ့သို့ ငွေကျပ် (၅၀၀,၀၀၀/-) ကိုလည်းကောင်း စုစုပေါင်း အလှူငွေကျပ် ၄,၃၅၅,၀၀၀/- (လေးဆယ့်သုံးသိန်းငါးသောင်း ငါးထောင်) အား သက်ဆိုင်ရာ တာဝန်ရှိသူများထံ မြို့နယ် ပညာရေးမိသားစုများမှ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)