ကဝ အောက်တိုဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် ဆောင်ရွက်လျက်ရှိသော မြို့ဝင် စစ်ဆေးရေးဂိတ်တွင် မြို့နယ်တာဝန်ရှိသူများကကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကဝမြို့နယ်အတွင်း ဝင်ထွက် သွားလာနေသော ယာဉ်ကြီး၊ ယာဉ်ငယ်၊ မော်တော်ဆိုင်ကယ်များ အား ခရီးသွားရာဇဝင်များစစ်ဆေးခြင်းနှင့် မှတ်တမ်းများကောက်ယူခြင်း၊ သက်ဆိုင်ရာ ထောက်ခံချက်များ တောင်းယူ စစ်ဆေးခြင်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော စစ်ဆေးရေးဂိတ်တွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် အဖွဲ့ဝင်များမှ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး နေ့စဉ် ထူးခြားမှု ဖြစ်စဉ် များရှိပါက မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးထံ အချိန်နှင့် တစ်ပြေးညီ တင်ပြဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)