ကျောက်တံတား အောက်တိုဘာ ၉
ကျောက်တံတားမြို့နယ် ၃၈ လမ်းရှိ Community Based Facility Quarantine Center (ပြည်သူအခြေပြုအသွားအလာ ကန့်သတ်စောင်ကြည့်နေရာသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အလှူငွေနှင့် ပစ္စည်းများကို မြို့နယ်အတွင်းရှိ ပြည်သူများနှင့် အလှူရှင်စေတနာရှင်များမှ နေ့စဉ် လာရောက်လှူဒါန်းပေးလျက်ရှိရာ ယမန်နေ့ နံနက် ပိုင်းတွင်လည်း အမှတ်(၂)ရပ်ကွက်(၃၄)လမ်းမှ ဦးမြင့်အောင်+ဒေါ်ခင်မြမြမိသားစုက အလှူငွေ (၇၀၀၀၀ဝိ/-)ကျပ်၊ ဘွားဘွား ဒေါ်ခင်ရီ(၂)နှစ်ပြည့် ကုသိုလ်အဖြစ် (၂၅၀၀၀ဝိ/-)ကျပ်တို့ကို လာရောက် လှူဒါန်းပေးခဲ့ရာ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးတို့က အလှူငွေများ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျောက်တံတားမြို့နယ် Quarantine Centre ရှိ အသွားအလာကန့်သတ် နေထိုင်ကြသူများနှင့် စေတနာဝန်ထမ်းများအတွက်လည်း နေ့စဉ်နံနက်စာ၊ နေ့လယ်စာ၊ အဆာပြေစာ၊ ညနေစာများကို မြို့နယ်အတွင်းရှိ စေတနာရှင်ပြည်သူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များ၊ အမှတ်(၂) ရပ်ကွက် ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ လာရောက်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
ရွှေနန်းမေ