လင်းခေး အောက်တိုဘာ ၉
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ လင်းခေးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် လင်းခေးမြို့တွင်း မိုင်းပန်-ဝမ်ဟတ်သွား လမ်းဆုံ၌ ပြည်သူများသွားလာနေကြသည့်နေရာသို့ ပူးပေါင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကာကွယ် ၊ ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအကျိုးကို ရှေးရှု၍ ပြည်သူများအကြားတွင် ရောဂါကူးစက်မှု အဆင့်ဆင့် ဆက်လက် မဖြစ်ပွားစေရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့အတွင်းသွားလာနေကြသော ပြည်သူများအား မဖြစ်မနေကိစ္စရပ်များအတွက် နေအိမ်ပြင်ပသို့ထွက်ပါက နှာခေါင်းစည်း(Mask)ကို အမြဲတပ်ဆင်စေရေးနှင့် ကုန်တင်ယာဉ်များအားလုံး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အမျိုးသားအဆင့်ဗဟိုကော်မတီမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ အတိုင်း လိုက်နာဆောင်ရွက်သွားစေရေး လုပ်ငန်းများ ပူးပေါင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နန်းမိုခမ်း၊ ခရိုင်(ပြန်/ဆက်)