ရန်ကုန် အောက်တိုဘာ ၉
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ၊ ထိန်းချုပ်နိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိသည့် Community Based Facility Quarantine Centre (၃) ခုအတွက် လိုအပ်သည့် နေရာ များတွင် အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ငွေကျပ်(၈၃၆,၉၀၀ ) တန်ဖိုးရှိ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးနှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများအား ယမန်နေ့နံနက် ၁၀ နာရီက လာရောက်လှူဒါန်းခဲ့ ကြသည်။
ထိုသို့လှူဒါန်းရာတွင် ငွေကျပ် (၈၃၆၉၀၀) တန်ဖိုးရှိ Surgical Gown အထည် (၅၀) ၊ Plastic Apron (၁၀၀) ခုပါ (၂) ထုပ်၊ Surgical Mask အခု (၁၀၀၀) ၊ Face Shield အခု (၂၀၀)၊ KN 95 Mask အခု (၂၀)၊ လက်အိတ် (၁၀၀) ခုပါ (၂) ဘူး၊ Hand Gel (500ml) (၅) ဘူး၊ အရက်ပျံ (500ml) (၅) ဘူး၊ လက်ဆေးဆပ်ပြာရည် (500ml) (၅) ဘူး၊ သွားတိုက်ဆေး၊ သွားတိုက်တံနှင့် ဆပ်ပြာတုံး (၃) မျိုးတွဲ (၅၀) စုံ၊ ဖျာ၊ ခေါင်းအုံး၊ ခေါင်းအုံးစွပ်၊ စောင်၊ ခြင်ထောင်နှင့် ဂွမ်းကပ် (၅၀) စုံ၊ ရေချိုး ခွက်၊ သောက်ရေခွက်နှင့် ဆပ်ပြာခွက် (၅၀) စုံတို့အား Quarantine Centre (၃) ခုရှိ လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက လာရောက် လှူဒါန်းခဲ့ကြရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းနှင့် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်တို့က လက်ခံရယူပေးခဲ့ပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)