ပန်းတနော်မြို့နယ် မင်းတစုကျေးရွာအုပ်စုအတွင်းရှိ သက်ကြီးဘိုးဘွားများအား အမျိုးသား လူမှုရေးပင်စင် ထောက်ပံ့ ပေးအပ်

ပန်းတနော်  အောက်တိုဘာ    ၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မင်းတစုကျေးရွာအုပ်စုအတွင်းရှိ သက်ကြီး ဘိုးဘွားများအား (CERP) အစီအစဉ်အရ ပေးအပ်သည့် ထောက်ပံ့ငွေများကို ယမန်နေ့မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ လူမှုဝန်ထမ်းဦးစီးဌာန၏ COVID-19 စီးပွားရေး ကုစားမှု (CERP) အစီအစဉ်အရ အသက် (၈၀)နှစ်အထက်နှင့် (၈၅) နှစ်ကြားရှိ ဘိုးဘွားများကို တစ်ဦးလျှင်ငွေကျပ် သုံးသောင်းနှုန်း ပန်းတနော်မြို့နယ် မင်းတစု(မင်းဂရု)ကျေးရွာ အုပ်စုအတွင်းရှိ သက်ကြီးဘိုးဘွား စုစုပေါင်း (၅၉)ဦးတို့အား အိမ်တိုင်ရာရောက် သွားရောက်ပေးအပ် လှူဒါန်းခဲ့ကြောင်း မင်းတစုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မင်းစိုး ထံမှ သိရသည်။

မြို့နယ်(ပြန်/ ဆက်)