ခန္တီးမြို့နယ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး (တိုင်းဒေသကြီး) ရန်ပုံငွေဖြင့် ပညာရေးဝန်ထမ်း အိမ်ရာ ဆောင်ရွက်ပြီးစီး

ခန္တီး အောက်တိုဘာ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (တိုင်းဒေသကြီး) ခွင့်ပြုရန်ပုံငွေကျပ် ၅၀ ဒဿမ ၃၅၂ သန်းဖြင့် ခန္တီးမြို့နယ် ပင်ထောင်လောင်ဆောက် ကျေးရွာ ပညာရေးဝန်ထမ်းအိမ်ယာ (၅၂×၃၆ ×၁၂ ပေ) RC နှစ်ခန်းတွဲ ဆောက်လုပ်ပြီးစီးပြီဖြစ်၍ အောက်တိုဘာလ ရက်နေ့ တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ရဲမင်းဇော် နှင့် လုပ်ငန်းဆောင်ရွက်ခဲ့သည့် တာဝန်ခံတို့က သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် လုပ်ငန်း ဆောင်ရွက်ခဲ့သည့် တာဝန်ခံတို့သည် အဆိုပါ လုပ်ငန်းကို သတ်မှတ်စံချိန်စံနှုန်းနှင့် အညီ အရည်အသွေးပြည့်မီခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။

စနေမောင်မောင်(ခန္တီး)