နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့မြေစိုက်ဘုတ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ အသိပညာပေး ရုပ်ပုံများ ပြသဆောင်ရွက်

နမ့်ဆန် အောက်တိုဘာ

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်ဘုတ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရန်အတွက် ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်သည့် အသိပညာပေး လုပ်ငန်းများ ကို မိဘပြည်သူများသိရှိစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက်(၁၀)နာရီက ရုံးရှေ့မြေစိုက်ဘုတ်တွင် ကပ်ထားပြသလျက်ရှိကြောင်း သိရသည်။

အဆိုပါ မြေစိုက်နံရံကပ်စာစောင်တွင် မီဒီယာနှင့် သတင်းအချက်အလက်များ သိရှိနားလည်မှုရှိသော မိဘ၊ အုပ်ထိန်းမှုအတတ်ပညာနှင့် ကျန်းမာရေးဆိုင်ရာ နည်းလမ်းများ၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အချက်အလက်နှင့် ထင်မြင်ယူဆချက်များ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာတွင် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ သတင်းခွဲခြမ်း စိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ စသည့်အကြောင်းအရာများပါဝင်သော UNESCO မှ ပေးပို့လာသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများနှင့် ပတ်သက်သည့် အသိပညာပေးရုပ်ပုံ (၁၈)ပုံကို ပြည်သူများ လေ့လာသိရှိပြီး လိုက်နာဆောင်ရွက်နိုင်စေရန် ပြသဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထို့ပြင် ကိုဗစ်-၁၉ နှင့်ပတ်သက်သည့် အသိပညာပေးနှိုးဆော်စာများ၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး စာစောင်များတို့ကိုလည်း မိဘပြည်သူများ သိရှိလေ့လာနိုင်စေရန်အတွက် မြေစိုက် ဘုတ်တွင် ပြသဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကိုအောင်မိုး (ရွှေဖီမြေ)