တာမွေမြို့နယ်ရှိ Community Based Facility Quarantine Centre သို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း

ရန်ကုန် အောက်တိုဘာ ၉


ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက တာမွေမြို့နယ်ရှိ Community Based Facility Quarantine Centre သို့ ကျန်းမာရေးသုံးပစ္စည်းများဖြစ်သည့် Surgical Gown(၅၀)ထည်၊ Plastic Apron (၁၀၀)ခုပါ   (၂ )ထုပ်၊ Surgical Mask (၁၀၀၀)ခု၊ Face Shield (၂၀၀)ခု၊  KN 95 Mask (၂၀)ခု၊ လက်အိပ်(၁၀၀)ခုပါ(၂)ဘူး၊ ရေမလို လက်သန့်ဆေးရည်(၅၀၀မီလီ) (၅)ဘူး၊ လက်ဆေး ဆပ်ပြာရည် (၅၀၀မီလီ)(၅)ဘူး၊ အရက်ပျံ (၅၀၀မီလီ)(၅)ဘူး၊ သွားတိုက်ဆေး+သွားပွတ်တံ+ဆပ်ပြာတုံး (၃)မျိုးတွဲပါ(၁၀၀)စုံ၊ မြက်ဖျာ၊ ခေါင်းအုံး+ခေါင်းအုံးစွပ်၊ စောင်၊ ခြင်ထောင်၊ ဂွမ်းကပ်ပါ (၁၀၀)စုံ၊ ရေချိုးခွက်၊ သောက်ရေခွက်၊ ဆပ်ပြာခွက်ပါ(၁၀၀)စုံ စုစုပေါင်း ငွေကျပ်(၁၄၆၈၉၀၀/−) တန်ဖိုးရှိ ပစ္စည်းများကို  ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ Assistant Operation Manager   ဦးအောင်ခန့်က   ပေးအပ်လှူဒါန်းရာ  တာမွေ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ် ရေးမှူး ဦးအောင်ကျော်အေးနှင့် အဖွဲ့ဝင်များက လက်ခံရယူခဲ့သည်။
အဆိုပါ လှူဒါန်းပွဲကို ယမန်နေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း Community  Based  Facility Quarantine  Centre တွင် ကျင်းပခဲ့ကြောင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လှူဒါန်းသည့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို တာမွေ မြို့နယ်ရှိ Community  Based  Facility  Quarantine  Centre  များတွင် လိုအပ်သည့် နေရာများ၌ ဖြည့်ဆည်းအသုံးပြုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။                                                                                                                                                                
မို့မို့အောင်(ပြန်/ဆက်)