မိုးညို အောက်တိုဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ဘုရားငူအုပ်စု၊ လဖျော်ပင်ကျေးရွာနေ ဦးအောင်နိုင်(ကျဘမ်း)၏ (၄)ပင် အိမ်၊ သက္ကယ်မိုး၊ ထရံကာ ဝါးအိမ်(၁)လုံး ပြိုလဲပျက်စီးခြင်း၊ အလားတူ ထိန်တောအုပ်စု၊ ကျွန်းကြီးရွာ ဦးနေဝင်းအောင် ကိုင်းလုပ်သူ၏ သွပ်မိုး၊ ထရံကာ၊ ဝါးအိမ်မှာ သစ်ပင်ပိခြင်းကြောင့် အိမ်တစ်ခြမ်း ပျက်စီးခဲ့ခြင်း၊ မြေဇာအုပ်စု၊ ကျွန်းသီတာကျေးရွာရှိ ဦးမြင့်အောင်(ကျဘမ်း)၏ သွပ်မိုး၊ ထရံကာ၊ သစ်သားအိမ်မှာ သစ်ပင်ပိခြင်းကြောင့် အမိုးသွပ်(၁၀)ချပ်ခန့်နှင့် ဒိုင်း၊ မျှား သစ်(၃)ချောင်း ပျက်စီးခြင်း တို့ ဖြစ်ပွားခဲ့သည်။
လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၃)လုံး ပျက်စီးခြင်းပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ပျက်စီးမှု မရှိပါ ကြောင်းနှင့် ထိခိုက်နေအိမ်(၃)လုံးရှိ အိမ်ထောင်စု(၃)စု၊ လူဦးရေ ကျား(၄)ဦး၊ မ(၈)ဦး၊ ပေါင်း(၁၂)ဦးအား သက်ဆိုင်ရာ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများ ကျေးရွာပြည်သူများမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ကိုမင်း(မိုးညို)