မြစ်ကြီးနားခရိုင်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးရုပ်ပုံများပြသ
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်စေရေးအတွက် ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများအား အများပြည်သူပိုမိုသိရှိနားလည်စေရန် ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက် ရေစင်ကွင်းဈေး၊အမှတ် (၁) ဈေးနှင့် (၂)ဈေး အနီးရှိ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး ရုပ်ပုံများ ပြသဆောင်ရွက်ခဲ့ကြသည်။