ပုလော အောက်တိုဘာလ ၁၀
ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရန်အတွက် ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများ အား ပြည်သူများ သိရှိစေရန် ရည်ရွယ်၍ ယမန်နေ့ နေ့လယ် ၁ နာရီက ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်−၁၉ ရောဂါ ဆိုင်ရာ အသိပညာ ပေး ရုပ်ပုံများ ပြသခြင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ နံရံကပ်စာစောင်တွင် မီဒီယာနှင့်သတင်း အချက်အလက်သိရှိနားလည်မှုရှိသော မိဘ/ အုပ်ထိန်းမှု၊ အတက်ပညာနှင့် ကျန်းမာရေး ဆိုင်ရာနည်းလမ်းများ၊ ကိုဗစ်−၁၉ ရောဂါဆိုင်ရာ အချက် အလက် နှင့် ထင်မြင် ယူဆချက်များ၊ လူမှု မီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာ၌ ဆောင်ရန်/ ရှောင်ရန်များ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ စသည့် အကြောင်းအရာများ ပါ၀င်သော ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေး ရုပ်ပုံ(၁၈)ပုံ နှင့် နိုင်ငံတော် အစိုးရ၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေမှု မှတ်တမ်းများကို ပြည်သူများ လေ့လာ သိရှိ နိုင်ရန် ပြသဆောင်ရွက်ခဲ့သည်။
အေးအေးမော်(ပုလော ပြန်/ဆက်)