အုတ်ဖိုမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွား

အုတ်ဖို အောက်တိုဘာ ၉


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်က လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့သည်။
လေပြင်းတိုက်ခတ်မှုကြောင့် မှက္ကတန်ကျေးရွာအုပ်စု၊ မှက္ကတန်ကျေးရွာတွင် သက္ကယ်မိုး၊ ထရံကာ နေအိမ်(၁)လုံး၊ ချောင်းဂွ(ဂျီ)ကျေးရွာအုပ်စု၊ ဥက္ကံကျေးရွာတွင် သက္ကယ်မိုး ထရံကာ နေအိမ်(၁)လုံး၊ သင်မန်းကုန်းကျေးရွာအုပ်စု၊ ပန်းပဲကုန်းကျေးရွာတွင်  သွပ်မိုးထရံကာ နေအိမ်(၁)လုံး  စုစုပေါင်း နေအိမ်(၃)လုံးမှာ ပြိုလဲပျက်စီးခဲ့ပြီး ပန်းပဲကုန်းကျေးရွာမှ သွပ်မိုးပျဉ်ကာနေအိမ်(၁)လုံးနှင့် ကျပ်ချောင်း ကျေးရွာအုပ်စု၊ ညောင်ပင်အိုင်ကျေးရွာမှ သွပ်မိုးပျဉ်ကာ နေအိမ်(၁)လုံးတို့မှာ အမိုးလန်ပျက်စီးခဲ့သည်။
အဆိုပါ လေဘေးသင့်အိမ်ထောင်စုအား မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီ၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် သက်ဆိုင်ရာရပ်ကျေးအုပ်စု အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဆွေမျိုးသားချင်းများက နေထိုင်စားသောက်ရေးအတွက် ကူညီဆောင်ရွက်လျက်ရှိ ကြောင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် လူ၊ တိရိစာ္ဆန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)