တာလေ အောက်တိုဘာ ၉
ကိုဗစ်-၁၉ ရောဂါသည် ပြည်တွင်း၌ ကူးစက်ပြန့်နှံ့မှုများ မြင့်မားလာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင် တာလေမြို့၌ ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်စစ်ဆေရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မိဘပြည်သူများအနေဖြင့် မည်သူမဆို မိမိနေအိမ်မှ ပြင်ပသို့သွားလာရာတွင် နှာခေါင်းစည်း Mask တပ်ဆင်သွားလာခြင်း ရှိ မရှိနှင့် ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေး စစ်ဆေးခြင်းများကို တာလေတံတားထိပ်ရှိ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် စစ်ဆေးရေးဂိတ်တွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း Mask တပ်ဆင်ခြင်း ရှိ မရှိနှင့် ရောဂါကြိုတင်ကာကွယ်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ လူတိုင်း မိမိနေအိမ်မှ ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေး စစ်ဆေးခြင်းများကို မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနှင့် စစ်ဆေးရေးအတွက် ဖွဲ့စည်းတာဝန်ပေးအပ်ထားသော ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ရာ Mask တပ်ဆင်သွားလာခြင်း မရှိသောသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask ဆယ်ခုဝယ်ယူစေပြီး ငါးခု ပြန်ပေးသည့် ဒဏ်ရိုက်စနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အောင်ကျော်မိုး (ပြန်/ဆက်)